Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်၌ တိုက်ပွဲဖြစ်နေ၊ ရန်ကုန် – မော်လမြိုင်ကားလမ်း‌ပိုင်းရှိ ကျုံအိတ်တံတား​ မိုင်းခွဲခံရပြီး ထက်ပိုင်းကျိုး

ရန်ကုန် – မော်လမြိုင်ကားလမ်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို အဓိကဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သည်။

(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ - CJ)

ရွှေပြည်စိုး၊ဟန်နွေ/People’s Spring

ရန်ကုန် – မော်လမြိုင်ကားလမ်း၊ ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​သည် ယနေ့(မေလ ၁၁ရက်) နံနက် အစောပိုင်းက မိုင်းခွဲခံလိုက်ရပြီး တံတားထက်ပိုင်းကျိုးကျသွားသည်။

” ညက တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ စစ်တပ်က ဆုတ်ခွာသွားတယ်လို့ သိရတယ်။ မနက် မိုးမလင်းခင် ၄နာရီခန့်မှာ ပြင်းထန်တဲ့ပေါက်ကွဲသံကြားရတယ်။ မနက်မိုးလင်းတော့တံတားကျိုးတာကိုသိရတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ – CJ)

ကျုံအိတ်တံတားသည် ပြီးခဲ့သည့် ၂၀၂၃ ဇွန်လ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်များ​ စစ်ရေးအး တင်းမာနေစဉ် မိုင်းခွဲခံခဲ့ရဖူးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေ၍ မိုင်းခွဲခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခဲ့သည်။ ထိုစဉ်က တံတားပျက်စီးမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ဒရုန်းတိုက်ခိုက်ခံခဲ့ရသည်။

သထုံခရိုင်လမ်းဦးစီးမှူးနှင့် ထွေအုပ်စာရေး သေဆုံးခဲ့ပြီး ခရိုင်ရဲမှူး အပါအဝင် ရဲဝန်ထမ်း ၉ ဦး၊ စစ်တပ်အရာရှိတစ်ဦး အပါအဝင် ၁၂ ဦး၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးဝန်ထမ်း ၁ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရခဲ့သည်။

(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ - CJ)
(မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသော ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား​။ ဓာတ်ပုံ – CJ)

ဘီလင်းမြို့နယ်အတွင်း ရန်ကုန် – မော်လမြိုင် ကားလမ်းဘေး နေရာအချို့၌ ယနေ့နံနက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အိမ်စီးကားများ၊ကုန်တင်ကားများနှင့် ခရီးသည်ယာဉ်များ ပိတ်မိနေကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

” ကရင်နဲ့ မွန်ပြည်နယ်ဘက်ကိုလာနေတဲ့သူတွေ နောက်ကြောင်းပြန်လှည့်တာကောင်းတယ်။ လမ်းမှာပိတ်မိရင် လုံခြုံရေးအတွက် စိတ်ပူရတယ်” ဟု ဘီလင်းမြို့ခံတစ်ဦးက ပြောသည်။

ယခုတံတားဖောက်ခွဲမှုနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ရက်၆နှင့် ၉ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ပန်ဇင်းချောင်းတံတားနှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ ကဇူးတဘတ်ချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ရန်ကုန် – မော်လမြိုင်ကားလမ်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို အဓိကဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။