Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကောင်စီသည် KNUနယ်မြေများအတွင်းရှိ အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် သံတောင်ကြီး(ဒေါ့ဖားခို)မြို့နယ် အုပ်ချုပ် နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး အရပ်သား သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

တောအူး(တောင်ငူ)ခရိုင်၊ ဒေါ့ဖားခို (သံတောင်ကြီး)မြို့နယ် ကလေ့လို အရှေ့ဖက်ခြမ်းဒေသရှိ ဘဲခလေးခိုကျေးရွာ နှင့် သေ့ခူဒဲကျေးရွာတို့အတွင်းသို့ စစ်ကောင်စီက မေလ ၅ရက်တွင် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ဘဲခလေးခိုကျေးရွာအတွင်းသို့ လေကြောင်းမှ (၅)ကြိမ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းရှိ ကလေးငယ်တစ်ဦး အသက်သေဆုံး ခဲ့ရပြီး အရပ်သားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေ့ခူဒဲကျေးရွာအတွင်းသို့ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှု (၂)ကြိမ်အတွင်း ပြည်သူလူထုထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း သေ့ခူဒဲ ကျေးရွာ ဘုရားကျောင်းနှင့် ၎င်းအနီးရှိအဆောက်အဦးများပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် KNUနယ်မြေများအတွင်းရှိ အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

မေလ ၈ရက်ညပိုင်းကလည်း KNU သထုံခရိုင် သထုံမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ((၉)တပ်စခန်းမှ ပြည်သူလလူထုနေထိုင်ရာ ကျေးရွာထဲသို့ လက်နက်ကြီး (၄)လုံးပစ်ခတ်ရာ မိချောင်းအိုင် ကျေးရွာအနီး လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲကာ နွား (၃)ကောင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျွဲ တစ်ကောင်သေဆုံးခဲ့သည်ဟု KNUက အသိပေးထားသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ထို့ပြင် KNU ဖားအံ(ဘားအံ)ခရိုင်အုပ်ချုပ်နယ်မြေ၊ နဘူးမြို့နယ် စောဟဲကျေးရွာ အတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သည့် ခမရ−၉၇ နှင့် ခလရ−၂၃၀ တပ်များက မေလ ၁၀ရက်တွင် ပြည်သူလူထုပိုင် နေအိမ်များကို အကြောင်းမဲ့ မီးရှီု့ခဲ့ရာ အိမ် ၈လုံး ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်များမှ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများအား နေစဉ်ရက်ဆက်ကျူးလွန်လျှက်ရှိသောကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းနေထိုင်သော ပြည်သူလူထုများမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများအား ခံစားနေရပြီး ပြည်သူလူထုအမြောက်အများမှာလည်း မိမိတို့တို့ နေရပ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook