Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)

(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)
(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)

▪︎​မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီး​​နောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊ PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်​ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)
(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀)ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်​ကောင်စီတပ်က လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတ်ဖြတ်ံခံရသူများတွင် ​လေးငယ် ၅ ဦး ၊အမျိုးသမီး၉ ဦးနှင့် သက်ကြီးရွယ်အိုအများစုပါဝင်​နေသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဟုတ်ပါတယ် သူတို့ဘက်က ကျဆုံးများသွားလို့ အကြောင်းမဲ့သတ်တာပါ။ (ထိခိုက်သေဆုံး)၂၀ ကျော် ၃၀ နီးပါး ပါခင်ဗျ။ ဗိုလ်သုံးယောက် အရှင်ဖမ်းမိပါတယ်”ဟုတာဝန်ရှိသူက ဆက်ပြော သည်။

ထို့နောက် အထိနာသွားသောစစ်တပ်က ​ညောင်ပင်သာ မြောက်ကမ်းဘက်မှ က​လေးငယ်များ ၊အမျိုးသမီးများ ၊သက်ကြီးရွယ်အို အများစုပါ​သောပြည်၁၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“​ညောင်ပင်သာ ​မြောက်ဘက်ကပ်မှာ တစ်မိသားစုလုံးသတ်ပြီးမီးရှို့သွားတာ ။စစ်တပ်က။ သူတို့​အိမ်မှာ​နေ ​နေတာ။ ဒီ​လောက်စစ်ဖြစ်​​နေတာ မပြေးလို့ဆိုပြီး သတ်ပလိုက်တာ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)
(စစ်တပ်က သတ်၍ မီးရှို့ထား​သော ရုပ်အ​လောင်းများ/​အသတ်ခံရသူများစာရင်း။ ဓါတ်ပုံ-ထန်းတပင်ပကဖ)

ထန်းတပင် ပ.က.ဖကလည်း လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်”ဟုကတိပြုသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ထပ်တူ ထပ်ဝမ်းနည်းကျေကွဲရကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်ကရက်ရက်စက်သက်သတ်​စတ်ဖြတ်ခ့သူမျခဲ့​သော ပြည်သူများ

၁။ ဒေါ်ခင်ရီ အသက် ၆၈နှစ်
၂။ မသန်းသန်းဆွေ အသက် ၃၅နှစ်
၃။ မသက်နှင်းစံ အသက် ၅နှစ်
၄။ ဦးဝင်းမြိုင် အသက် ၇၀နှစ်
၅။ ကိုဇော်မိုးအောင် အသက် ၄၀နှစ်
၆။ မသူဇာ အသက် ၄၀နှစ်
၇။ မောင်မိုးဝဿန် အသက် ၁၅နှစ်
၈။ မောင်မိုးဝေယံ အသက် ၇နှစ်
၉။ ဒေါ်ချွတ်တီ အသက် ၅၈နှစ်
၁၀။ ဒေါ်တင်ဆန်း အသက် ၅၃နှစ်
၁၁။ ဒေါ်ခင်အုန်း အသက် ၅၅နှစ်
၁၂။ ဒေါ်တင်အုန်း အသက် ၅၃နှစ်
၁၃။ မသန်းသန်းဝေ အသက် ၂၈နှစ်
၁၄။ မောင်သက်ပိုင်ဟိန်း အသက် ၅နှစ်
၁၅။ ဦးတိုးတိုး အသက် ၅၃နှစ်
၁၆။ မဂျုးဂျုးမေ အသက် ၂၅နှစ်
၁၇။ ဦးကျော်သိန်း အသက် ၅၅နှစ် နှင့်
၁၈။ အမည် စုံစမ်းဆဲ က​လေးငယ်တစ်ဦး

စသည့်ပြည်သူ ၁၈ ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ထန်းတပင် ပ.က.ဖ ကအတည်ပြုသည်။

စစ်​​ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်​ရေ ဆယ်နှင့်ချီ၍ ကျူးလွန်ထားသည်။

ထို့အပြငမမေ ၂ ရက်ညနေပိုင်းတွင်လည်း တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ​က​လေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး​သေဆုံးပြီး ၃ ဦးဒဏိရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သတင်း

ခွန်စိုင်ယန်တိုက်ပွဲအဖမ်းခံရသည့် KIAအရာရှိကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဆေးကုသပေးဟန် ဝါဒဖြန့်ပြီး သတ်ဖြတ်

သတင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ၊ ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်မှုများပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ညောင်ဦးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။