Connect with us

Hi, what are you looking for?

သတင်း

စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်ကြောင်း KIA အတည်ပြု

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “အသဲလို့ ပြောတယ်။ လွန်ခဲ့တဲ့အပတ်ကတော့ ဆုတောင်း ကူညီပေးကြဖို့ ဆိုပြီးမှ ဖိတ်ခေါ်တဲ့ဟာ နည်းနည်းကြားလိုက်မိတယ်။ သတိထားလိုက်မိတယ်” ဟု ပြောသည်။

(စစ်​ကောင်စီတပ်၏ ပွိုင့် ၇၇၁ စခန်းကုန်းအားKIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက သိမ်းယူပြီး​နောက် NUG ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နှင့်အတူစခန်းသို့သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့​သောဒုဗိုလ်ချုပ်ကြီးခေါင်လွန်း။ ။ဓါတ်ပုံ-NUG-MOD)
(စစ်​ကောင်စီတပ်၏ ပွိုင့် ၇၇၁ စခန်းကုန်းအားKIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက သိမ်းယူပြီး​နောက် NUG ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နှင့်အတူစခန်းသို့သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့​သောဒုဗိုလ်ချုပ်ကြီးခေါင်လွန်း။ ။ဓါတ်ပုံ-NUG-MOD)

“နာတာရှည် အသဲရောဂါ။ ဆေးကုသရင်းနဲ့ နှစ်နှစ် သုံးနှစ်လောက်တော့ ဆေးစားလိုက်၊ ကုသလိုက်နဲ့ နေတာဖြစ်ပါတယ်။” ဗိုလ်မှူးကြီးနော်ဘူ

ထားမြတ် /People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ယနေ့(​မေ ၁၃)ညနေပိုင်း၌ နာတာရှည် အသည်း​ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ဟုတ်ကဲ့ မှန်ပါတယ်။ ကျနော်တို့ KIA စစ်ဦးစီးချုပ်ပေါ့နော် ။ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွန်း ဒီညနေ ၆ နာရီ ၂၃မိနစ် ဝန်းကျင်လောက်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။” ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကွယ်လွန်သည့် အဓိက ရောဂါမှာ နာတာရှည် အသဲရောဂါဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

“နာတာရှည် အသဲရောဂါ။ ဆေးကုသရင်း နဲ့ ၂ နှစ်၊ ၃ နှစ်လောက်တော့ ဆေးစားလိုက်၊ ကုသလိုက်နဲ့ နေတာဖြစ်ပါတယ်။ဧပြီလမှာလည်းသူက ဆေးရုံသွားပြီးမှ ပြန်လာပြီးတော့ အခုလိုမျိုး ဆုံးသွားတာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “အသဲလို့ ပြောတယ်။ လွန်ခဲ့တဲ့အပတ်ကတော့ ဆုတောင်း ကူညီပေးကြဖို့ ဆိုပြီးမှ ဖိတ်ခေါ်တဲ့ဟာ နည်းနည်းကြားလိုက်မိတယ်။ သတိထားလိုက်မိတယ်” ဟု ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ခေါင်လွန်းသည် ကွယ်လွန်ချိန်၌ အသက် ၆၂ နှစ်အရွယ်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များအား အထိနာအောင် တိုက်ခိုက်ရာ၌ KIAကို ဦးဆောင်ခဲ့သူဖြစ်သည်။

“ သူကြတော့ အောင်ပွဲ နည်းနည်း လမိုင်းကပ်တယ်ပြောရမလား။ သူတက်လာတဲ့ အချိန် ဆက်တိုက်အောင်ပွဲရတယ်ဆိုတော့ နည်းနည်းတော့ သက်ရောက်နိုင်တယ်။ ဒါပေမဲ့ အများကြီးတော့ မထိရောက်နိုင်ဘူးထင်တယ်။ အများကြီး စိတ်ဓာတ်ကျတာမရှိနိုင်ဘူးထင်တယ်။ သူလိုမျိုးလည်း တော်တဲ့သူတွေလည်း ရှိတော့ရှိတယ်။” ဟု ကချင်သတင်းရင်းမြစ်က ပြောပြသည်။

လက်ရှိ KIA ဒုစစ်ဦးစီးချုပ် ၂ ဦးရှိပြီး ဗိုလ်ချုပ်အောင်ဆိုင်းလာ နှင့် ဗိုလ်မှူးချုပ်ဇော်တောင်တို့ ဖြစ်သည်။

ဒုဗိုလ်ချု့ပ်ကြီး ခေါင်းလွန်း KIA စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၃ အောက်တိုဘာမှ စတင်ပြီး KIA အနေဖြင့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို တဆင့်ပြီး တဆင့် ဆောင်ရွက်ခဲ့ရာ ရှမ်းမြောက်နှင့် ကချင်ပြည်နယ်ရှိစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခုနှစ် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲများ ဆောင်ရွက်ခဲ့ရာ လိုင်ဇာအနီး၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဗန်းမော်၊ လွယ်ဂျယ်၊ ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား စသည့် ဒေသများမှ စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များစွာ သိမ်းပိုက်ရရှိခဲ့သည်။

ဗိုလ်ချုပ်ကြီးခေါင်လွန်းသည် KIA စစ်ဦးစီးချုပ် တာဝန်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ်လည်း တာဝန်ယူထားသူဖြစ်သည်။ အမှတ် (၁) စစ်​ဒေသတွင် စစ်ကိုင်း ၊မ​ကွေး ၊မန္တ​လေး နှင့် ရှမ်းပြည်နယ်​ဒေသအချို့ ပါဝင်သည်။

“သူက အနုပညာကိုလည်းချစ်မြတ်နိုးတယ်။လက်အောက်ငယ်သားတွေကိုလည်း ကောင်းကောင်းနားလည်တယ်။ စစ်ရေးပရိယာယ်ကြွယ်ပြီး ခေါင်းဆောင်ကောင်းပီသတဲ့သူဖြစ်တယ်”ဟု KIA ထိန်းချုပ်နယ်မြေတွင် သင်တန်းတက်ခဲ့စဉ်က ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းနှင့် တွေ့ဆုံခဲ့ဖူးသည့် စစ်ကိုင်းတိုင်းမှ PDF တစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်၏ ပွိုင့် ၇၇၁ စခန်းကုန်းအားKIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက သိမ်းယူပြီး​နောက် NUG ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နှင့်အတူစခန်းသို့သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့​သောဒုဗိုလ်ချုပ်ကြီးခေါင်လွန်း။ ။ဓါတ်ပုံ-NUG-MOD)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။