Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာမြို့နယ်စည်ပင်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ပြည်သူ့များ၏ နေအိမ်များကို မတရားသဖြင့် ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ခဲ့သည်။

လှိုင်သာယာမြို့နယ်စည်ပင်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
လှိုင်သာယာမြို့နယ်စည်ပင်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

▪️လှိုင်သာယာမှ လူမိုက်အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်များအား ဆက်လက်ရှင်းလင်းသွားမည်ဟု Dark Shadow သတိပေး

သုည/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးကို “Urban Freedom” စစ်ဆင်ရေးအဖြစ် ယမန်နေ့ (မေလ ၂၇ရက်) ညပိုင်းက အဝေးထိန်းမိုင်းဖြင့် နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadowအဖွဲ့က အသိပေးထုတ်ပြန်သည်။

မေလ ၂၇ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မကွေးလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးကို အဝေးထိန်းမိုင်းဖြင့်တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီ ၄၇ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ရာသို့ ရောက်ရှိလာသော စစ်ကောင်စီဝင်များကိုလည်း အဝေးထိန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်သည်။

“ပြည်သူတွေရဲ့ နေအိမ်တွေကို ကျူးကျော် လို့ ဆိုပြီး ဖျက်ဆီး ဖြိုဖျက်ရာမှာပါဝင်တဲ့ စကစ ထောက်တိုင်စည်ပင်ရုံးကို တိုင်ကြားမှုကြောင့် Dark Shadow (UG) က အရေးယူတိုက်ခိုက်တာပါ။ ဗုံးပေါက်လို့ လာစစ်ဆေးတဲ့ စစ်တပ်အဖွဲ့ဝင်တွေကိုလည်း အဝေးထိန်းနဲ့ ထပ်ဖောက်ခဲ့ပါတယ်”ဟု Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်ပန်ဒါက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သော်လည်း တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် ရဲဘော်များမှာ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း Dark Shadow (UG) က ဆိုသည်။

“မနေ့ညက ၇ နာရီကျော်လောက်မှာ ဗုံးတွေ ပေါက်တာပါ။ နှစ်ကြိမ်တောင် ကြားလိုက်ရတယ်။ (၈)ရပ်ကွက်ဘက်က စည်ပင်ရုံးမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်မှု မရှိဘူးလို့တော့ ကြားတယ်။ သေချာတော့ မပြောနိုင်ဘူး။ ညကတော့ (၈)ရပ်ကွက်တစ်ခုလုံးကို လမ်းတွေ ပိတ်ပြီး စစ်သားတွေ ရဲတွေ တောက်လျှောက်စစ်နေတယ်။ ဧည့်စာရင်းလည်း စစ်သွားတယ်လို့ သိရပါတယ်” ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

လှိုင်သာယာမြိုနယ် စည်ပင်သာယာရေးရုံးသည် စစ်ကောင်စီအမိန့်နာခံကာ လှိုင်သာယာမြိုနယ် အပြင် ပဒံကျွန်းကြီးကျေးရွာရှိ ပြည်သူ့များ၏ နေအိမ်များကို မတရားသဖြင့် ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယင်းဖြစ်စဉ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်အနိုင်ကျင့်ခဲ့သော လှိုင်သာယာမှ လူမိုက်အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ် များကိုလည်း ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း Dark Shadow အဖွဲ့က သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။