Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကိုအရှင်ဖမ်းမိ

ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်​နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People’s Spring ကို ပြောသည်။

(ပူတာအို​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (KPDF) တပ်ဖွဲ့ဝသ်အချို့ ။ ပူတာအိုPDF)
(ပူတာအို​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (KPDF) တပ်ဖွဲ့ဝသ်အချို့ ။ ပူတာအိုPDF)

‌ဇော်ထိန်/People’s Spring

တိုက်ပွဲများအတွင်း ထွက်ပြေးနေသည့် မချမ်းဘောမြို့နယ်အခြေစိုက်အမှတ် ၁၃၇ ​ခြေလျင်တပ်ရင်း( ခလရ ၁၃၇) ၏တပ်ရင်းမှူးအား KIA၊ KPDF က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ခလရ (၁၃၇)တပ်ရင်းမှူးသည် ဆွမ်ပရာဘွမ်မြို့ရှိ အမှတ် ၄၆ ​​ခြေလျင်တပ်ရင်း( ခလရ၄၆)၌ သွားရောက်တိမ်းရှောင်နေရာမှ ခလရ(၄၆)ကိုပါ KIA နှင့် KPDF တို့က ထပ်မံတိုက်ခိုက်ပြီးနောက် ထွက်ပြေးနေခြင်းဖြစ်သည်။

ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်​နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People’s Spring ကို ပြောသည်။

Public Service Announcement

Public Service Announcement

“လွတ်မလားလို့ပြေးနေရင်းနဲ့ ဖမ်းမိတာ။ တနယ်လုံးကို မြေပြင်ကနေ စိုးမိုးထားတာပါ။ လွတ်လမ်းမရှိပါဘူး” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၄၆)ကို KIA၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့စဉ် ယင်းတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေး​နေကြခြင်းဖြစ်သည်။

တပ်ရင်းမှူးအပြင် အခြားဖမ်းမိထား​သော စစ်​ကောင်စီတပ်သားများလည်း ရှိကြောင်း သတင်းရရှိသော်လည်း အ‌သေးစိတ်ကိုမူမသိရှိရသေးပေ။ ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေကြောင်းလည်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။

ဖမ်းမိထားသည့် တပ်ရင်းမှူးသည် တစ်လနီးပါးကြား ထွက်ပြေးနေရသေးကြောင့် အစာရေစာပြတ်လပ်နေပြီး ကျန်းမာရေး အခြေအနေဆိုးရွားနေ၍ ဆေးကုပေးနေရကြောင်းလည်း သိရသည်။

စစ်​ကောင်စီတပ်စခန်းများနှင့် ထွက်​ပြေးစစ်​သားများကိုတိုက်ခိုက်​နေစဥ် ​တော်လှန်​ရေးတပ်များက မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားခြင်းမှာ ထွက်​ပြေးစစ်သားများက ​တွေ့ရာပြည်သူများကို ဖမ်းဆီးပစ်ခတ်အကြမ်းဖက်​လေ့ရှိသဖြင့် ပြည်သူများအသက်အန္တရာယ်မကျ​ရောက်​စေရန် ဖြစ်​ကြောင်း စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။ ထွက်​ပြေးစစ်​ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးရှင်းလင်း​နေစဥ် လမ်းပိတ်ထားခြင်း​ကြောင့် ကုန်​ဈေးနှုန်းများတက်နေသည့်အ​ပေါ် သည်းခံ​ပေးရန်လည်း ၎င်းကဆက်​ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြားရှိ စိန်လုံဗျူဟာကို KIAနှင့် ပူးပေါင်းတပ်က သိမ်းယူစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီဗျူဟာမှူးကို လမ်းဘေးရှိ ဖရဲသီးစိုက်ခင်းအတွင်း ပြန်လည်ဖမ်းမိခဲ့သည်။ ထိုသို့ဖမ်းမိစဉ် KIA ရဲဘော်များက မေးမြန်းရာ ကြောက်လို့ ထွက်ပြေးနေခြင်းဟု ဗျူဟာမှူးက ပြန်ဖြေခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။