Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကိုအရှင်ဖမ်းမိ

ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်​နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People’s Spring ကို ပြောသည်။

(ပူတာအို​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (KPDF) တပ်ဖွဲ့ဝသ်အချို့ ။ ပူတာအိုPDF)
(ပူတာအို​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (KPDF) တပ်ဖွဲ့ဝသ်အချို့ ။ ပူတာအိုPDF)

‌ဇော်ထိန်/People’s Spring

တိုက်ပွဲများအတွင်း ထွက်ပြေးနေသည့် မချမ်းဘောမြို့နယ်အခြေစိုက်အမှတ် ၁၃၇ ​ခြေလျင်တပ်ရင်း( ခလရ ၁၃၇) ၏တပ်ရင်းမှူးအား KIA၊ KPDF က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ခလရ (၁၃၇)တပ်ရင်းမှူးသည် ဆွမ်ပရာဘွမ်မြို့ရှိ အမှတ် ၄၆ ​​ခြေလျင်တပ်ရင်း( ခလရ၄၆)၌ သွားရောက်တိမ်းရှောင်နေရာမှ ခလရ(၄၆)ကိုပါ KIA နှင့် KPDF တို့က ထပ်မံတိုက်ခိုက်ပြီးနောက် ထွက်ပြေးနေခြင်းဖြစ်သည်။

ပူတာအို KPDF က ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်​နေ့ တွင် ဖမ်းမိခြင်းဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သူ People’s Spring ကို ပြောသည်။

Public Service Announcement

Public Service Announcement

“လွတ်မလားလို့ပြေးနေရင်းနဲ့ ဖမ်းမိတာ။ တနယ်လုံးကို မြေပြင်ကနေ စိုးမိုးထားတာပါ။ လွတ်လမ်းမရှိပါဘူး” ဟု KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၄၆)ကို KIA၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့စဉ် ယင်းတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြား ထွက်ပြေး​နေကြခြင်းဖြစ်သည်။

တပ်ရင်းမှူးအပြင် အခြားဖမ်းမိထား​သော စစ်​ကောင်စီတပ်သားများလည်း ရှိကြောင်း သတင်းရရှိသော်လည်း အ‌သေးစိတ်ကိုမူမသိရှိရသေးပေ။ ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေကြောင်းလည်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။

ဖမ်းမိထားသည့် တပ်ရင်းမှူးသည် တစ်လနီးပါးကြား ထွက်ပြေးနေရသေးကြောင့် အစာရေစာပြတ်လပ်နေပြီး ကျန်းမာရေး အခြေအနေဆိုးရွားနေ၍ ဆေးကုပေးနေရကြောင်းလည်း သိရသည်။

စစ်​ကောင်စီတပ်စခန်းများနှင့် ထွက်​ပြေးစစ်​သားများကိုတိုက်ခိုက်​နေစဥ် ​တော်လှန်​ရေးတပ်များက မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားခြင်းမှာ ထွက်​ပြေးစစ်သားများက ​တွေ့ရာပြည်သူများကို ဖမ်းဆီးပစ်ခတ်အကြမ်းဖက်​လေ့ရှိသဖြင့် ပြည်သူများအသက်အန္တရာယ်မကျ​ရောက်​စေရန် ဖြစ်​ကြောင်း စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။ ထွက်​ပြေးစစ်​ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးရှင်းလင်း​နေစဥ် လမ်းပိတ်ထားခြင်း​ကြောင့် ကုန်​ဈေးနှုန်းများတက်နေသည့်အ​ပေါ် သည်းခံ​ပေးရန်လည်း ၎င်းကဆက်​ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြားရှိ စိန်လုံဗျူဟာကို KIAနှင့် ပူးပေါင်းတပ်က သိမ်းယူစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီဗျူဟာမှူးကို လမ်းဘေးရှိ ဖရဲသီးစိုက်ခင်းအတွင်း ပြန်လည်ဖမ်းမိခဲ့သည်။ ထိုသို့ဖမ်းမိစဉ် KIA ရဲဘော်များက မေးမြန်းရာ ကြောက်လို့ ထွက်ပြေးနေခြင်းဟု ဗျူဟာမှူးက ပြန်ဖြေခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။