Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ဝင်များက ဖိတ်ခေါ်ပါက ပါဝင်တိုက်ခိုက်ရန် အသင့်ရှိဟု CNAပြော

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)

“အတတ်နိုင်ဆုံး စစ်ကောင်စီ ကင်းစင်ရေးပူးပေါင်းလုပ်ချင်ပါတယ်။ အသင့်အနေအထားပါ။အခုလည်း အဲဒီအနီးတဝိုက်မှာ ကျနော်တို့ အားလုံးရှိနေပါတယ်” – ဆလိုင်းထက်နီ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဖော်ဆောင်မှုတွင် စစ်ရေးဆောင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့များက ဖိတ်ခေါ်ပါက စစ်ကူးပေး ပါဝင်တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို မေလ ၂၆ရက် ညပိုင်းတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တို့က ဆင်နွှဲခဲ့ရာ မေလ ၂၇ရက် တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၂ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် မြို့ပေါ်ရှိနေအိမ်များကို လိုက်လံမီးရှို့ခဲ့ရာ ချင်းညီနောင် အဖွဲ့ဝင်များက စစ်ရေးဖော်ဆောင်မှုကို မေလ ၂၇ရက် ညပိုင်းမှစ၍ ရပ်နားထားခဲ့သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – Chin Laipa)

စစ်ကောင်စီတပ်က ထိုသို့ ပြည်သူလူထု နေအိမ် များကို မီးရှို့ခြင်းများအား ရှုတ်ချကြောင်း ဆလိုင်းထက်နီက ပြောပြသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီ အဲဒီလိုလုပ်လာမယ်ဆိုတာ သိပြီးသား”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တီးတိန်မြို့ကို အပြတ်သိမ်းနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း၊ တီးတိန်သာမက ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးကိုလိုလား၍ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောသည်။

” သူတို့ဘက်က ကမ်းလှမ်းပြီး လုပ်လာရင်အမြဲတမ်း အဆင်သင့်ပေါ့။ အတတ်နိုင်ဆုံး စစ်ကောင်စီ ကင်းစင်ရေးပူးပေါင်းလုပ်ချင်ပါတယ်။ အသင့်အနေအထားပါ။ အခုလည်း အဲဒီအနီးတဝိုက်မှာ ကျနော်တို့ အားလုံးရှိနေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

CNA အပါအဝင် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၇ရက်က တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တစ်ပတ်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သား ၄၀ကျော် အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်းရရှိခဲ့သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – Chin Laipa)

လက်ရှိတွင် ပြည်သူလူထုများ တွန်းဇံမြို့ဝင်း ဘေးကင်းစွာ နေထိုင်နိုင်ရေးမိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း CNA တာဝန်ရှိသူက ပြောပြသည်။

“နောက် အုပ်ချုပ်ရေးပိုင်းကျတော့လည်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရရှိတော့ ကျနော်တို့ မူအရ ဒေသခံဖော်ဆောင်တဲ့ အုပ်ချုပ်ရေးမျိုးကို အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းအကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ချင်းဒေသကာကွယ်ရေးတပ် ဖွဲ့အချို့နှင့် စုဖွဲ့ထားသည့် ချင်းညီနောင်တပ်ဖွဲ့များက ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။