Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်အောင်ဆိုင်းလာအား KIAစစ်ဦးစီးချုပ် ခန့်အပ်ခံရမှု အထူးဝမ်းမြောက်ကြောင်း ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ထုတ်ပြန်

KSCU ၏အဓိပတိ မှာ KIOအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးဂွန်မော် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆိုင်းလာအား KIAစစ်ဦးစီးချုပ် ခန့်အပ်ခံရမှု အထူးဝမ်းမြောက်ကြောင်း ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ထုတ်ပြန်
ဗိုလ်ချုပ်အောင်ဆိုင်းလာအား KIAစစ်ဦးစီးချုပ် ခန့်အပ်ခံရမှု အထူးဝမ်းမြောက်ကြောင်း ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ထုတ်ပြန်

ဟန်နွေ/People’s Spring

စာရေးဆရာတစ်ဦးဖြစ်သူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတိယဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာအား KIA၏ စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်မှုအပေါ်ဝမ်းမြောက်ကြောင်း ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) က ထုတ်ပြန်သည်။

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မေလ ၁၃ရက်တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် လစ်လပ်နေသည့် စစ်ဦးစီးချုပ်နေရာကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆိုင်းလာအား မေလ ၁၈ရက်တွင် အစားထိုး ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆိုင်းလာသည် ဝမ်းခန့်အောင် အမည်ဖြင့် စာပေရေးသားနေသူလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စာရေးဆရာ ဆရာကြီး ဝမ်းခန့်အောင်သည် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ School of Arts and Sciences (SAS), School of Nursing Science (SNS), School of Technology (SOT) ၊ School of Economics (SOE) တို့၏ ပထမနှစ်သင်တန်းများနှင့် School of Medical Science (SMS)၏ Foundation Yearတို့၌ မြန်မာစာဌာနမှ မြန်မာစာသင်ရိုးအဖြစ် သင်ကြားပို့ချနေသော မြန်မာစကားပြေရွေးချယ်ချက်အတွက် ဟူးကောင်းသိန်းပေါစာအုပ် နှင့် မြန်မာကဗျာရွေးချယ်ချက်အတွက် အလှဘုရင်မအိန်ရော်စာအုပ်တို့ကို ရေးသားခဲ့သူ ဖြစ်သည်ဟု KSCUက အသိပေးသည်။

KSCUသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာန မူပါဒနှင့်အညီ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ဖွဲ့စည်းပေးထားသည့် ကြားကာလနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့(KPICT)တို့က ပူးပေါင်းဖွင့်လှစ်ထားပြီး CDM ဆရာ၊ ဆရာမများက ဦးဆောင်သင်ကြားပေးနေသည့် တက္ကသိုလ်ဖြစ်သည်။

KSCU ၏အဓိပတိ မှာ KIOအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးဂွန်မော် ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဗိုလ်ချုပ်အောင်ဆိုင်းလာရေးသားထားသည့် အလှဘုရင်မ အိမ်ရှောင် စာအုပ်နှင့်ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက်တွင် ၂၀၂၃ ဇွန်လ ၁၃ရက်က ရေးသားခဲ့ရာ “ ရေးသားသူ ဝမ်းခန့်အောင်က ဂျိန်းဖေါမျိုးနွယ် ခခူးအမျိုးသားတို့၏ ဂန္တဝင်ဇာတ်တော်ဟု ညွှန်းပါသည်။ ကချင်ဇာတ်တော်ကို မြန်မာလိုရေး။ ကချင်လူမျိုးမဟုတ်သူများ နားလည်အောင် ရသပေးနိုင်တာကို သဘောကျလို့ မျှဝေထားတာပါ” ဟု စာအုပ်အညွှန်းရေးသားဖော်ပြထားသည်။

KIA စစ်ဦးစီးချုပ်ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာသည်တနိုင်းဒေသ၌ ကျောင်းဆရာလုပ်ခဲ့သူဖြစ်ပြီး KIA တပ်ထဲ ဝင်ရောက်အမှုထမ်းခဲ့ရာ စာရေးဆရာ၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေးညွှန်မှူး စသည့် ကဏ္ဍများ၌ ကျင်လည်ခဲ့သူဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က အသိပေးထားပြီး ၎င်းသည် KIA ဒုစစ်ဦးစီးချုပ်အဖြစ်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းမှစ၍ ၉နှစ်နီးပါးကြာ အဆင့်လိုက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။