Connect with us

Hi, what are you looking for?

သတင်း

ကျောက်​ခေတ်က သုံးခဲ့​သောကုန်စည်ဖလှယ်သည့်စနစ်နိုင်ငံတကာနှင့်ကုန်သွယ်မှုတွင် အလုပ်မဖြစ်နိုင်ဟုလုပ်ငန်းရှင်များပြော

နိုင်ငံအနှံဖြစ်ပွား​နေ​သောတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါး ရပ်တန့်ပြီး စစ်​ကောင်စီအတွက် ဝင်​ငွေရ​ပေါက်ရလမ်းနည်းသွား​စေကာအထိနာ​နေ​ကြောင်းကုန်သည်အချို့က​ပြောသည်။

(ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကုန်စည်တင်သ​ဘော်များအတင်အချပြုလုပ်ရာဆိပ်ကမ်းတစ်ခု။ဓါတ်ပုံ-စစ်​ကောင်စီ)
(ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကုန်စည်တင်သ​ဘော်များအတင်အချပြုလုပ်ရာဆိပ်ကမ်းတစ်ခု။ဓါတ်ပုံ-စစ်​ကောင်စီ)

စောနွေဦး/People’s Spring

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ရာ ထိုစနစ်သည့် ငွေကြေးများအပေါ်ပေါက်ခင်က အသုံးပြုခဲ့သည့် စနစ်ဖြစ်ပြီး အလုပ်ဖြစ်မည်မဟုတ်​ကြောင်းစီးပွားရေးလုပ်ငန်းရှင်များက​ပြောသည်။

“ဒီစနစ်က ကျောက်ခေတ်က သုံးနဲ့ စနစ်ပါ။ အခုခေတ်အခြေအနေရ အောင်မြင်မယ့်စနစ်မဟုတ်ပါဘူး။ ပိုသာဆိုးလာမယ့် အလုပ်ဖြစ်မယ့်စနစ်မဟုတ်ပါဘူး”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီကမူ ထိုစနစ်ကို အသုံးပြုပါကသွင်းကုန်အတွက် နိုင်ငံခြားငွေ ပေးချေမှုကင်းလွတ်ခွင့်ရသည်ဟု မက်လုံး​ပေးထားသည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ပို့ကုန်နှင့်သွင်းကုန် ကျဆင်းပြီး ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်နေချိန်တွင် စစ်ကောင်စီက ထိုကဲ့သို့ ကုန်စည်ဖလှယ်သည့် စနစ်ကျင့်သုံးခြင်းကို လုပ်ငန်းရှင်က စိတ်ပျက်နေကြသည်။

Public Service Announcement

Public Service Announcement

ကုန်စည်ဖလှယ်သည့် စနစ်(Barter Transaction Arrangement-BAT)သည် ပြည်ပနိုင်ငံနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေ မရှိစေရန် ကုန်စည်အချင်းချင်း ဖလှယ်ကြခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက​ပြောသည်။

စစ်ကောင်စီက ထိုစနစ်ဖြင့် ကုန်သွယ်ပါက ပို့ကုန်သွင်းကုန်အတွက် နိုင်ငံခြားငွေပေးချေမှုအပေါ် ဗဟိုဘဏ်က ဝင်ရောက်ထိန်းကြောင်းမှုများ ကင်းလွတ်ခွင့်ရမည်ဟုမက်လုံး​ပေးထားခြင်းဖြစ်သည်။လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်ရငွေများကို ၁ လအတွင်း ပြည်တွင်းပြန်ယူလာရန် နှင့် ပို့ကုန်ရ​ငွေအားလုံး၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် လုပ်ငန်းရှင်များအား မ​ရောင်းမ​နေရ သတ်မှတ်၍ ​စစ်​ကောင်စီကဒေါ်လာရရန် လုပ်ငန်းရှင်များကို ကန့်သတ်ထားသည်။

“ဒီစနစ်က စစ်ကောင်စီအတွက် ဒေါ်လာသုံးစွဲမှု လျော့ချလိုက်ဖို့ ရေတိုဖြေရှင်းနည်းပါ။ အောင်မြင်မယ်လိုလည်း မထင်ပါဘူး”ဟု စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။

ထိုအပြင်စစ်ကောင်စီက ​​ဒေါ်လာကိုသာရယူလိုပြီး ​ဒေါ်လာမကုန်ရန် ​ဒေါ်လာဖြင့် ဝယ်သွင်းရ​သော သွင်းကုန်လိုင်စင်များ အကြီးအကျယ်ကန့်သတ်ထားသည်ဟုလည်း လုပ်ငန်းရှင်များက​ပြောသည်။

စစ်​ကောင်စီက ​ဒေါ်လာကို နိုင်ငံတဝန်းဖြစ်ပွား​နေ​သောတိုက်ပွဲများတွင် ​ အသုံးပြုရန် စစ်လက်နက် နှင့် ​လေယာဥ်ဆီ ဝယ်ယူရန် အတွက်သာအဓိက အသုးပြုပြီး ပြည်သူများအတွက် စား​သောက်ကုန်၊လူသုံးကုန် ​ဆေးဝါးစ​သောသွင်းကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကိုမူ ​ဒေါ်လာမကုန်ရန် သွင်းခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်​နေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး​နောက် ၂၀၂၁ ​ဖေ​ဖော်ဝါရီလမှ ၂၀၂၂ ဒီဇင်ဘာလ အထိ စစ်​ကောင်စီသည် တရုတ်၊ရုရှား ၊အိန္ဒိယ အပါအဝင် နိုင်ငံတကာမှ လက်နက်ခဲယမ်းမျိုးစုံအ​မေရီကန် ​ဒေါ်လာ ၁ ဘီလီယံဖိုးဝယ်ယူတင်သွင်းခဲ့​ကြောင်း ကုလသမဂ္ဂ ၏ ၂၀၂၃ ​မေလကထုတ်ပြန်​သောအစီရင်ခံစာတွင်​ဖော်ပြထားသည်။

ထိုအပြင် နိုင်ငံစီးပွား​ရေးကျဆင်း​နေချိန်တွင် စစ်​ကောင်စီက ဘက်ဂျက်လိုအပ်ချက်အတွက် ကျပ်​ငွေ စက္ကူများကို ဘီလီယံ​ပေါင်းများစွာရိုက်နှိပ်သုံးစွဲထား၍ ကျပ်​ငွေတန်ဖိုး ကျဆင်း​နေသဖြင့် ​ငွေ​ကြေးချမ်းသာသူများ ၊ စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုများမှာ ​ကျပ်​ငွေမကိုင်​တော့ဘဲ ​ဒေါ်လာနှင့် ​ရွှေကို လိုက်လံဝယ်ယူစု​ဆောင်း​နေ၍ ​ဒေါ်လာ​မှာ ဝယ်ယူရန်ခက်ခဲပြီး ဆက်တိုက်​တက်​နေ​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

“အခုလာမယ့် ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေက အရမ်းမြင့်တယ်လို့ကြားတယ်။ အခွန်ရငွေကလည်း တော်တော်နည်းသွားတယ်။ ဒါကိုအရင်ကတည်းက ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ဖြည့်နေတာ အခုက အခြေအနေတွေက ထိန်းမရတော့ဘူးဖြစ်နေတယ်။ စစ်အုပ်စုအထဲကပဲ သူတို့ကို မယုံ

ကြည်တော့ အခုလို ရွှေနဲ့ နိုင်ငံခြားငွေစုတာတွေဖြစ်လာတာ”ဟုလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၇၀၀ နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၄၈ သိန်း​ကျော်အထိ မြင့်တက်လာသည်။

စစ်​ကောင်စီ စိတ်ကြိုက် ထုတ်ပြန်​သောအချက်အလက်များမှာပင်၂၀၂၂-၂၃ ဘဏ္ဍာ​ရေးနှစ်(၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လကုန်အထိ) တွင် ကုန်သွယ်မှု ပမာဏ အ​မေရီကန် ​ဒေါ်လာ ၃၄ ဘီလီယံရှိရာမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ်တွင် အ​မေရီကန်​ဒေါ်လာ ၃၀ ဘီလီယံသာရှိပြီး ၄ ဘီလီယံ​ကျော်​လျော့ကျခဲ့​ကြောင်း​ဖော်ပြထားသည်။

​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက် ကမ္ဘာ့ကပ်​ရောဂါ Covid-19 ရင်ဆိုင်​နေခဲ့ရ​သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာ​ရေးနှစ် ( ၂၀၁၉ ​အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလကုန်အထိ့) မှာပင် ကုန်သွယ်မှု ပမာဏ အ​မေရီကန် ​ဒေါ်လာ ၃၇ ဘီလီယံခန့် (၃၆ ဒသမ ၆၆၅ ဘီလီယံ) ရှိခဲ့သည်။

နိုင်ငံအနှံဖြစ်ပွား​နေ​သောတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါး ရပ်တန့်ပြီး စစ်​ကောင်စီအတွက် ဝင်​ငွေရ​ပေါက်ရလမ်းနည်းသွား​စေကာအထိနာ​နေ​ကြောင်းကုန်သည်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။