Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်နှင့် နောင်ချိုတွင် စစ်ကောင်စီက အရပ်သားများဦးတည်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြိုနယ် ကန်ကော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ - စကစ)
(စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ - စကစ)

▪️လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်း စစ်ရေးပြင်ဆင်နေဟု TNLA ထုတ်ပြန်

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်နှင့် တပ်မဟာ(၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများရှိရာသို့ လက်နက်ကြီးနေ့စဉ်ပစ်ခတ်သဖြင့် ပြည်သူများစိုးရိမ်နေကြရကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဇွန် ၃ရက်တွင် နောင်ချိုမြို့နယ် ကန်တော်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီက ဆီးဖြူပင်ကျေးရွာဘက်သို့ လက်နက်ကြီး လေးကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်း၌ မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

” အဲဒီမှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးတော့မှ တိုက်ခိုက်တာမျိုးတွေဖြစ်တယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး”ဟု TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာများအနီးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ပြည်သူများစိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း အသိပေးထားသည်။

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြို့နယ် ကန်ကော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် မေလ ၂၉ရက်မှ ဇွန်လ၄ ရက်အထိ မိုးမိတ်ဗျူဟာကုန်း ခလရ (၂၂၃)နှင့် (၂၄၈)တပ်စခန်းမှ ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုဆက်လက်ပြုလုပ်လျက်ရှိနေသည့်အပြင် လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၂၄ ဇန်နဝါရီတွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားရာ ထိုသို့အပစ်ရပ်စဲထားပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို စာရင်းပြုစု စောင့်ကြည့်နေဆဲဖြစ်သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။