Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာကွန်ဒိုတိုက်ခန်းဝယ်ယူမှုအ​ပေါ် စစ်ကောင်စီရဲ့အ​ရေးယူကန့်သတ်မှု​တွေကြောင့် ထိုင်းကွန်ဒို စျေးကွက်ကိုပါ ထိခိုက်မှုတွေရှိလာ

လက်ရှိ အလှည့်အပြောင်းကြောင့် မြန်မာဝယ်လက်တွေအပေါ် ပစ်မှတ်ထားနေတဲ့ ကွန်ဒို လုပ်ငန်းရှင်တွေ အနေနဲ့ အရောင်းပြပွဲတွေနဲ့ တခြားရွေးချယ်မှုတွေဆီ အာရုံပြောင်းပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ပရာဆက်က သတိပေးသွားပါတယ်။

(ထိုင်းကွန်ဒိုတက်ခန်းအ​​ရောင်းပြပွဲတစ်ခုတွင် အ​ရောင်းဝန်ထမ်းတစ်ဦးကရှင်းပြ​နေစဥ်။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)
(ထိုင်းကွန်ဒိုတက်ခန်းအ​​ရောင်းပြပွဲတစ်ခုတွင် အ​ရောင်းဝန်ထမ်းတစ်ဦးကရှင်းပြ​နေစဥ်။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)

▪︎ဧပြီ နဲ့ မေလတွေအတွင်းရောင်းချဖို့ သဘောတူထားတဲ့ ကွန်ဒိုခန်းတွေကို မြန်မာဖက်က ဝယ်လက်တွေဆီ လွှဲပေးဖို့ တားမြစ် ပိတ်ပင်မှုတွေ ရှိလာတယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်း အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ​ပြော

-People’s Spring

မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ကွန်ဒို အရောင်းအဝယ် လုပ်တဲ့ကိစ္စကို စစ်ကောင်စီရဲ့ အ​ရေးယူကန့်သတ်မှု​တွေကြောင့် ထိုင်းကွန်ဒို စျေးကွက်အပေါ် သိသာတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်​ကောက်ပိုစ်သတင်းစာက​ရေးသား​ထားပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီဟာ ပြည်တွင်းမှာ ရွှေဆိုင်ပိုင်ရှင်တွေ၊ ငွေလဲလုပ်ငန်းရှင်တွေအပြင် ထိုင်းက ကွန်ဒိုတွေ ဝယ်ယူရေး ချိတ်ဆက်ပေးနေတဲ့ အေးဂျင့်တွေကိုပါ ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အခြေအနေကြောင့် အခုနှစ် တတိယနဲ့ သုံးလပတ်တွေအတွင်း နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှု ကဏ္ဍမှာ ထိခိုက်မှုတွေ ကြုံလာမယ်လို့ ခန့်မှန်းထားကြောင်း ထိုင်းကွန်ဒိုလုပ်ငန်း အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ပရာဆက် တေဒူလာယာဆာတစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ် ဖြိုခွင်းမှုတွေကြောင့် ဘတ်ငွေ ၁ ဘီလီယံလောက် တန်ဖိုးရှိပြီး ဧပြီ နဲ့ မေလတွေအတွင်း ရောင်းချဖို့ သဘောတူထားတဲ့ ကွန်ဒိုခန်းတွေကို မြန်မာဖက်က ဝယ်လက်တွေဆီ လွှဲပေးဖို့ တားမြစ် ပိတ်ပင်မှုတွေ ရှိလာတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာတွေဟာ ထိုင်းကွန်ဒိုစျေးကွက်မှာ တရုတ်တွေပြီးရင် ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေအဖြစ် ရပ်တည်နေတာကြောင့် အခုကိစ္စက စျေးကွက်အပေါ် သေချာပေါက် သက်ရောက် ထိခိုက်စေမှာ ဖြစ်တယ်လို့ ပရာဆက်က ဝန်ခံခဲ့ပါတယ်။

ဒုတိယနဲ့ တတိယ သုံးလပတ်တွေအတွင်း ကွန်ဒိုစျေးကွက် ပိုပြီး ဖွံ့ဖြိုးလာဖို့ မျှော်လင့်ထားပေမယ့် မြန်မာစစ်တပ်ရဲ့ အရေးယူ ဖြိုခွင်းမှုတွေကြောင့် မြန်မာ ဖောက်သည်တွေ အခက်တွေ့လာစေကြောင်း၊ မြန်မာတွေဟာ ထိုင်းကွန်ဒို စျေးကွက်မှာ ရုတ်တရက် ကြီးထွားလာတဲ့ နိုင်ငံခြား ဝယ်လက် အရင်းအမြစ်အသစ် ဖြစ်နေကြောင်း သူက ဆိုပါတယ်။

ထိုင်းကွန်ဒိုတွေကို ဝယ်လိုအား အများဆုံးအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဝယ်လိုက်မှုတွေ နှေးကွေးလာတဲ့ အချိန်မှာ ထိုင်းကွန်ဒို လုပ်ငန်းရှင်တွေဟာ မြန်မာတွေအပေါ် ပိုပြီး မျှော်လင့်ချက် ထားလာပေမယ့် အခုတော့ စစ်ကောင်စီရဲ့ အရေးယူ တုံ့ပြန်မှုတွေကြောင့် အကျပ်ရိုက်လာတော့မယ့် သဘောပါပဲ။

၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာ ကွန်ဒိုခန်းတွေ ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းရဲ့ နံပါတ် ၆ နေရာမှာသာ ရှိခဲ့ပေမယ့် အခုနှစ် ပထမ ၃ လပတ်မှာတော့ ဒုတိယ နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ပထမ ၃ လပတ်အတွင်းမှာတင် မြန်မာနိုင်ငံသားတွေဟာ ကွန်ဒို ၃၉၂ ခန်းကို ဘတ် ၂. ၂ ဘီလီယံနဲ့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အလှည့်အပြောင်းကြောင့် မြန်မာဝယ်လက်တွေအပေါ် ပစ်မှတ်ထားနေတဲ့ ကွန်ဒို လုပ်ငန်းရှင်တွေ အနေနဲ့ အရောင်းပြပွဲတွေနဲ့ တခြားရွေးချယ်မှုတွေဆီ အာရုံပြောင်းပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ပရာဆက်က သတိပေးသွားပါတယ်။

ကိုးကား -Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။