Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

(AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကဇွန် ၈ ရက်ရှင်းလင်ူပွဲတွင် အွန်လိုင်းမှ ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-AA)
(AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကဇွန် ၈ ရက်ရှင်းလင်ူပွဲတွင် အွန်လိုင်းမှ ရှင်းလင်း​ပြောကြားစဥ်။ဓါတ်ပုံ-AA)

▪︎“မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” -ဦးခိုင်သုခ

▪︎AAက ခွဲထွက်မည်ဟု မပြောသေးဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကွန်ဖက်ဒရိတ်ကိုတည်ဆောက်ယူမည်ဟု ထပ်အသိပေး

ဟန်နွေ/People’s Spring

စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ မည်သူက အစိုးရ တာဝန်ယူနိုင်မလဲ ၊ပြည်သူများကမည်သူကိုလိုလားသလဲ ဆိုသည့် အပေါ် မူတည်ပြီး အာရက္ခတပ်တော်(ULA/AA)က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက AA အနေဖြင့် ၎င်းတို့၏ လိုလားချက်များအတွက် သဘောတူညီမှုများ ရယူရာတွင် စစ်ကောင်စီနှင့် NUG မည်သည့် အဖွဲ့ကို အသိအမှတ်ပြု မလဲ ဆိုသည့် မေးမြန်းချက်အပေါ် ဦးခိုင်သုခက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“စစ်အစိုးရနဲ့ NUGမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ သတင်းထောက်မေးထားတဲ့ မေးခွန်းမှာ ကျနော်တို့ဘက်က အမြင်ကို ပြောရမယ်ဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခကဆိုသည်။

Public Service Announcement

Public Service Announcement

ရက္ခိုင်ပြည်သူများအနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ကို အမြဲတမ်း လေးစားတန်ဖိုးထားကြောင်း၊ တက်နိုင်သမျှ ကူညီထောက်ပံ့ပေးမည်ဆိုသည့် ရပ်တည်ချက် ရှိကြောင်း ပြောသည်။

ပြည်သူများအတွက် အစိုးရ တာဝန်ကို မည်သူ ယူနိုင်လဲဆိုသည့် အချက်အပေါ်မူတည်ပြီး ရွေးချယ်မည်ဟု လည်း ဦးခိုင်သုခက ပြောသည်။

“မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို ကျနော်တို့က အသိအမှတ်ပြု ထောက်ခံပေးဖို့ ဖြစ်ပါတယ်။ ULA/AA အနေနဲ့ တော်လှန်ရေးကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့ရတဲ့ အာရက္ခလူ့ဘောင်ကို တည်ဆောက်ဖို့ ရက္ခိတ လမ်းစဉ်ကို ချမှတ်ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်ခက ပြောသည်။

ရက္ခိုင်ပြည်နယ်အတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံ၏ တန်းတူညီမျှရေး၊ အခွင့်အရေးနှင့် တာဝန်များကို ပီပင်စွာ ဖော်ဆောင်ပြီး အနာဂတ်ကို တည်ဆောက်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ULA/AA အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သည့် မူဝါဒအပြောင်းအလဲမရှိဟုလည်း ဦးခိုင်သုခက ပြောသည်။

“ဒီနေ့ဒီအချိန်ထိ ULA/AA ခွဲထွက်ဖို့ဆိုပြီး ကျနော်တို့ မပြောသေးပါ။ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ ရအောင် ကျနော်တို့ တည်ဆောက်နေတာဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အလေးအထား အသိအမှတ်ပြုပြီး တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

ULA/AA တွင် ရခိုင်လူထုအတွက် တိကျရှင်းလင်းသည့်ရက္ခိတလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက်ရှိပြီးဖြစ်ကာ ပြည်သူကို ရှင်းလင်းစွာ အသိပေးထားကြောင်း၊ ပြည်သူလိုလားသည့် စစ်ရေးရည်မှန်းချက် ပြည့်၀ လာချိန်တွင် တိုက်ပွဲ အတိုင်းအတာ တစ်ခုအထိ ရပ်တန့်လာနိုင်ကြောင်း၊ စစ်ကောင်စီဘက်က မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည့် အခြေအနေနှင့်လည်း တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့ခြင်းဖြစ်သည်။

AAသည် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ်ပလက်၀ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ရာ ၇လနီးပါးအတွင်း ပလက်၀နှင့် ရက္ခိုင်ရှိ မြို့နယ် ၉ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေသည့် အမ်းနှင့်စစ်တွေအပါအဝင် မြို့ ၈ခုကို ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။

သတင်း

ချင်းပြည်ကောင်စီအနေဖြင့်လည်း ချင်းညီနောင်အဖွဲ့ဝင်များအဖွဲ့ဝင်အဖြစ် ပါဝင်လာရေး လမ်းဖွင့်ထားကြောင်းလည်း အသိပေးထားသည်။

သတင်း

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။