Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးပိုင်း၌ ဝမ်ပေါင်ကြေးနီတင်ယာဥ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

မုံရွာ – မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းပိုင်း၌ ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တိုက်ခိုက်နေသော မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၏ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ- PDF-South Monywa)
(မုံရွာ - မန္တလေးလမ်းပိုင်း၌ ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တိုက်ခိုက်နေသော မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၏ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ- PDF-South Monywa)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ ကြေးနီတင်ယာဥ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်ကဝမ်ပေါင်ကုမ္ပဏီမှထွက်လာသော ကြေးနီတင်တွဲကား ခုနစ်စီးပါယာဥ်တန်းအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားကျေးရွာကြား၌ ပဒေသာမိုင်းများဖြင့် နှစ်နေရာဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ကြေးနီတင်တွဲကားတစ်စီး ထိခိုက် ပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရံက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၁ ရက်) ညနေ၄နာရီ မိနစ်၄၀ခန့်ကလည်း ကြေးနီတင်တွဲကားများ ဖြတ်သန်းချိန် ပဒေသာမိုင်းအကြီး သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကင်းစောင့်ပေးနေသော စစ်သား လေးဦးအနက် နှစ်ဦးသေဆုံးကာ စစ်ဗိုလ်တစ်ဦးလည်း မိုင်းစထိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူ​က ပြောသည်။

Public Service Announcement

Public Service Announcement

“ကြေးနီကားတွေက ရက်အများကြီးမခြားပါဘူး။ နေ့တိုင်းနီးပါး ဖြတ်ပါတယ်။ ထိခိုက်သေဆုံးတာကတော့ မျက်မြင်ရော အတွင်းထဲကရော ရသလောက်စုံစမ်းထားရတာပါ။”ဟု PDF-South Monywa၏ တာဝန်ရှိသူ ဒေါင်းကာရံက ပြောသည်။

“အခုရက်ပိုင်းတော့ ကြေးနီကားတွေဖြတ်နေတော့ လမ်းကခဏခဏပိတ်တယ်။ မိုင်းဆွဲတာတွေလည်းရှိတယ်။”ဟု မုံရွာမြို့ခံ ခရီးသွားတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက်က စစ်ဆင်ရေးကို နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နှင့်လည်းကောင်း၊ ၁၁ ရက်နေ့ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Forceနှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာ – မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။