Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ပိုဆိုးလာ​ကြောင်းကမ္ဘာ့ဘဏ်ထုတ်ပြန်

တရိပ်ရိပ် တိုးလာတဲ့ ပဋိပက္ခတွေ၊ လုပ်သား ရှားပါးမှု ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုက စီးပွားရေး လုပ်ငန်း အားလုံးလိုလိုကို အကျပ်အတည်းတွေ ကြုံစေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

(စားအုန်းဆီဝယ်ယူရန် တန်းစီ​နေကြ​သော ပြည်သူများ။ ဓါတ်ပုံ-STR/AFP)
(စားအုန်းဆီဝယ်ယူရန် တန်းစီ​နေကြ​သော ပြည်သူများ။ ဓါတ်ပုံ-STR/AFP)

People’s Spring

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ပြဿနာဟာ ပိုမိုကြီးထွားလာနေပြီး စီးပွားရေး တိုးတက်မှုနှုန်းကလည်း မူလ ခန့်မှန်းထားတာထက် ပိုနှေးသွားကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ စီးပွားရေးကဏ္ဍ တိုးတက်မှုနှုန်းဟာ လွန်ရောကျွံရော ၁ ရာခိုင်နှုန်းထက် မပိုနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ ဆင်းရဲကျပ်တည်းမှု ပြဿနာကလည်း ပိုမို ကျယ်ပြန့်လာပြီး လွန်ခဲ့တဲ့ ၆ နှစ်တာအတွင်း အဆိုးဆုံး အဆင့်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

တရိပ်ရိပ် တိုးလာတဲ့ ပဋိပက္ခတွေ၊ လုပ်သား ရှားပါးမှု ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုက စီးပွားရေး လုပ်ငန်း အားလုံးလိုလိုကို အကျပ်အတည်းတွေ ကြုံစေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဘဏ်ဟာ မြန်မာ့ စီးပွားရေး တိုးတက်နှုန်းကို အခုနှစ်အတွက် ၂ ရာခိုင်နှုန်းဝန်းကျင်ထိ ရောက်ရှိမယ်လို့ ခန့်မှန်းခဲ့ဖူးပေမယ့် မတ်လကုန် အခြေအနေတွေအရ ၁ ရာခိုင်နှုန်းထက် မပိုနိုင်ဘူးလို့ ပြောင်းလဲ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှု၊ လုပ်သားရှားပါးမှု၊ ငွေလဲနှုန်းမတည်ငြိမ်မှု၊ ဓာတ်အား မလုံလောက်မှုစတဲ့ ကဏ္ဍတွေဟာ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်ကို မူလ မျှော်လင့်ထားတဲ့ အခြေအနေထိ မရောက်ဘဲ နောက်ကြောင်းပြန် ဆွဲချတဲ့ အဓိက အကြောင်းတရားတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဖော်ပြချက်မှာတော့ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းမှုဟာလည်း နိုင်ငံစီးပွားရေး တိုးတက်နှုန်းကို ကျဆင်းစေတဲ့ အဓိက အကြောင်းတရား ဖြစ်ခဲ့ကြောင်း သုံးသပ်ပြထားပါတယ်။ အဲဒီ ဥပဒေကို အသက်သွင်းလိုက်တဲ့နောက် လူငယ်များစွာဟာ ပြည်ပနိုင်ငံတွေဆီ ရရာနည်းလမ်းတွေနဲ့ ထွက်ခွာကုန်ကြကြောင်း၊ အကျိုးဆက် အနေနဲ့ လုပ်သားရင်းမြစ် ရှားပါးမှုက ဆိုးသထက် ဆိုးရွားသွားကြောင်း သိရပါတယ်။

၂၀၁၅ တုန်းက မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းဟာ ၃၂.၁ ရာခိုင်နှုန်းထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာတော့ အခြေအနေက အဲဒီထက် ဆိုးလာနေတယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံပါတယ်။ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ မြင့်တက်လာခြင်းနဲ့အတူ နိုင်ငံအနှံ့ စစ်ရှောင်ဦးရေကလည်း ၃ သန်းကျော်ထိ တိုးပွားလာပါတယ်။

စစ်တပ်ဟာ နယ်စပ် ကုန်သွယ်ရေးမြို့ တချို့ကို လက်လွှတ်လိုက်ရခြင်းနဲ့အတူ နယ်စပ်ဖြတ်ကျော်တဲ့ သွင်းကုန်၊ ထုတ်ကုန် ကဏ္ဍတွေလည်း သိသိသာသာ လျော့ပါးသွားကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံချက်အရ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ စက်မှု ကုန်ထုတ် လုပ်ငန်းတွေကလည်း ဓာတ်အား မလုံလောက်မှုနဲ့ ပြည်တွင်းမှာ နိုင်ငံခြားငွေ အရင်းအမြစ် ပြတ်တောက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ကမ္ဘာ့ဘဏ်ကပြည်တွင်းစွမ်းအင်ထုတ်လုပ်မှု ကဏ္ဍကလည်း ဆက်တိုက်ကျရိပ်ပြလာဦးမယ်လို့ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကို Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းမှုတွေ အတွက်တော့ အကြောင်းမပြန်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြသည်။