Connect with us

Hi, what are you looking for?

သတင်း

စားအုန်းဆီရှားပါးပြတ်လပ်၍ ပြည်သူများအခက်​တွေ့

အခြေခံပြည်သူများ အဓိကထားဝယ်ယူသုံးစွဲကြ​သော စားအုန်းဆီ​ဈေးတက်ပြီးရှားပါးပြတ်လပ်လာမှု​ကြောင့် ပြည်သူများအခက်​တွေ့​နေကြသည်။

၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန် တန်းစီဝယ်ယူ​နေ​သောပြည်သူများ
၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန် တန်းစီဝယ်ယူ​နေ​သောပြည်သူများ

▪︎ရန်ကုန်လက်ဖက်ရည်ဆိုင်အချို့ စားအုန်းဆီရှားပါး၍အီကြာ​ကွေး ၊စမူဆာ ၊ပလာတာ​ ​အ​ရောင်းရပ်

ရဲခေါင် ၊သုည /People’s Spring

အ​မေရိကန် ​ဒေါ်လာနှင့် နိုင်ငံခြား​​ငွေ မကုန်​စေရန်စစ်​ကောင်စီက ပြည်ပ မှ တင်သွင်း​သောသွင်း ကုန်ပစ္စည်း များကို ကန့်သတ်လျှော့ ချလိုက်ခြင်းနှင့် သွင်းကုန်လိုင်စင်ခွင့်ပြုချက် မရမီ ဆိပ်ကမ်း နှင့် လေဆိပ်သို့ ကြိုတင်ရောက်ရှိလာသည့် ကုန်ပစ္စည်းများကို အရေး ယူမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက်ပိုင်း စားအုန်းဆီပြတ်လပ်မှု ဖြစ်ပေါ်လာခြင်း ဟု လုပ်ငန်းရှင်အချို့က​ပြောသည်။

ထို့အပြင် စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စားအုန်ဆီအချိုးကြ ​ရောင်းချမှု အများစုမှာလည်း ရပ်ဆိုင်းကုန်သဖြင့် ကုမ္ပဏီများက ဖြန့်ဖြူးရသည့် ယခင်ပုံစံအတိုင်း​ရောင်းဝယ်​နေရကြောင်း ပြည်သူအချို့က​ပြောသည်။

စားအုန်းဆီ ရှားပါးပြတ်လပ်မှု​ကြောင့် ရန်ကုန်မြို့ရှိ လက်ဖက်ရည် ဆိုင်အချို့တွင် အီကြာ​ကွေး ၊စမူဆာ ၊ပလာတာ စ​သည့် စားအုန်းဆီဖြင့်​​ကြော်​ရောင်း​ရ​သောမုန့်အချို့ ကို အ​ရောင်းရပ်ထားရ​ကြောင်း လက်ဖက်ရည်ဆိုင် အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ကဆို ငါးပိဿာ မဟုတ် နှစ်ပိဿာ ခွဲတမ်းရတယ်။အခုက ဘယ်နေရာမှာ မှ ဝယ်မရတော့ အကြော်စာ တွေ နားလိုက်ရပြီ။ကျွန်တော့်တစ်ဆိုင်းထဲ မဟုတ်ဘူး ဘေးအနီးနားက ဆိုင်တွေပါ မရတော့တာ”ဟု ရန်ကင်းမြို့နယ်ရှိလဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စားအုန်းဆီ ရှားပါး​ဈေးတက်လာ၍ ရန်ကုန် လက်ဖက်ရည်ဆိုင်အချို့တွင် အီကြာ​ကွေး၊စမူဆာ ၊ပလာတာ​ရောင်းချမှုရပ်နားလာ​ကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်အချို့က​ပြောသည်
စားအုန်းဆီ ရှားပါး​ဈေးတက်လာ၍ ရန်ကုန် လက်ဖက်ရည်ဆိုင်အချို့တွင် အီကြာ​ကွေး၊စမူဆာ ၊ပလာတာ​ရောင်းချမှုရပ်နားလာ​ကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်အချို့က​ပြောသည်

အခြားလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း စားအုန်းဆီမှာ ​ဈေးတက်သည့်အပြင် ဝယ်ရခက်​နေကြောင်းလည်း ပြောသည်။ ရပ်ကွက်အတွင်း စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် လာ​ရောင်း​သောကားလည်းမလာ​တော့သလို ၊ ​ဈေးထဲတွင် စစ်​ကောင်စီသတ်မှတ်နှုန်းဖြင့် တစ်အိမ် ၅၀ သား​ရောင်း​ပေး​သောဆိုင်မှာလည်း တန်းစီ ဝယ်ယူသူများလွန်း၍ စားအုန်းဆီဝယ်ရခက်ခဲ​နေ​ကြောင်း၎င်းက​ပြောသည်။

” မနက်အစောထဲက တန်းဆီတဲ့လူတွေက အများကြီး ဖြစ်နေပြီ။ တစ်ခါဝယ်ရဖို့ တစ်နာရီကျော်လောက် တန်းစီရတယ်။ ကိုယ့်အလှည့်ကျမယ့် ဆီကုန်သွားတာလည်း ကြုံနေရတယ်။ ကျွန်တော်တို့ ဆိုင်ဆို အရင်က အီကြာကွေး၊ စမူဆာ၊ ပလာတာကို တနေကုန်နီးပါး ကြော်ပြီးရောင်းတယ်။ အခုကျတော့ မနက်ခင်း တစ်ပိုင်းပဲ ရောင်းနိုင်တယ်။ နေ့လည်လောက်ဆိုကြော်ပေးဖို့ ဆီက မလောက်တော့ဘူး” ဟု အထက်ပါလက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူ၏ အ​တွေ့အကြုံကို​ပြောသည်။

၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန် တန်းစီဝယ်ယူ​နေ​သောပြည်သူများ
၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန် တန်းစီဝယ်ယူ​နေ​သောပြည်သူများ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ၅,၃၆၅ ကျပ် ဖြစ်ကြောင်း စစ်ကောင်စီက သတ်မှတ်ထားသော်လည်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာ တစ်သောင်းကျော်ရှိနေသည်။

“အရင်က စားအုန်းဆီစျေးက တစ်ထောင်ဝန်းကျင်ပဲ ရှိတာလေ။ အဲ့ဒါကို အရောအနှောတွေပါတော့ ကျန်းမာရေးအရ မကောင်းဘူး ဆိုပြီး လူတွေက မစားကြဘူး။ အခြားစျေးသက်သာတဲ့ ဟင်းရွက်ဆီမျိုးတွေပဲ ဝယ်သုံးကြတယ်။ အခုက အခြားဆီစျေးတွေ တက်သွားတော့ ရပ်ကွက်ထဲက လူတွေက စားအုန်းဆီကိုပဲ အားပြုပြီး ဝယ်သုံးကြရတယ်။ အခုတော့ စားအုန်းဆီပါ စျေးတွေတက်၊ ဝယ်ရလည်း ခက်နေတော့ အကုန်တိုင်ပတ်ကုန်တယ်” ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

စားသုံးဆီကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ဖိုး တင်သွင်းနေရကြောင်း စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

စားအုန်းဆီ ရှားပါး​ဈေးတက်လာ၍ ရန်ကုန် လက်ဖက်ရည်ဆိုင်အချို့တွင် အီကြာ​ကွေး၊စမူဆာ ၊ပလာတာ​ရောင်းချမှုရပ်နားလာ​ကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်အချို့က​ပြောသည်
စားအုန်းဆီ ရှားပါး​ဈေးတက်လာ၍ ရန်ကုန် လက်ဖက်ရည်ဆိုင်အချို့တွင် အီကြာ​ကွေး၊စမူဆာ ၊ပလာတာ​ရောင်းချမှုရပ်နားလာ​ကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်အချို့က​ပြောသည်

“မူဝါဒတွေက မမှန်တော့ ဒုက္ခရောက်တာပေါ့။အခြေ ခံလူထုကို ကိုယ်စားမပြုတာ မှန်သမျှတော့ ရှေ့လျှောက်အခက်အခဲ ဖြစ်နေဦးမှာပဲ။အခုက စားအုန်းဆီတစ်ခုတည်း အခက်အခဲ ဖြစ်နေတာမ ဟုတ်ဘူး။တ ခြား ပြည်ပက သွင်းနေရတဲ့ ပစ္စည်းတွေပါ သွင်းမရတော့ တာရှိတယ်”ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

( ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်​ကောင်စီသတ်မှတ်​ဈေးဖြင့် စားအုန်းဆီဝယ်ယူနိုင်ရန် တန်းစီဝယ်ယူ​နေ​သောပြည်သူများ၊ စားအုန်းဆီ ရှားပါး​ဈေးတက်လာ၍ ရန်ကုန် လက်ဖက်ရည်ဆိုင်အချို့တွင် အီကြာ​ကွေး၊စမူဆာ ၊ပလာတာ​ရောင်းချမှုရပ်နားလာ​ကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်အချို့က​ပြောသည် ။ဓါတ်ပုံ-AFP ၊CJ )

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။