Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)

▪️ အမျိုးသားတစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNA(ပအိုဝ်းပြည်သူ့စစ်) တို့သည် ဇွန်လ ၁၈ရက်ကစ၍ ဖယ်ခုံမြို့ကိုပြန်လည်စိုးမိုးရန် အင်အားအမြောက်အများဖြင့်ထိုးစစ်ဆင်လာပြီးနောက် လက်နက်ကြီးပစ်ကူဖြင့် နယ်မြေရှင်းလင်းနေ ခြင်းဟု ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ – CJ)

“တနေ့(ဇွန် ၁၉ ရက်)က လွယ်ကျိုင်း‌ကျေးရွာဘုန်းတော်ကြီး‌ကျောင်းမှဦးဇင်းအရှင်နေမိန္တ ရင်ဘတ်ကို လက်နက်ကြီးစထိပြီး ပျံလွန်တော်မူသွားတာ။မနေ့က ဟံတနားရွာက အရပ်သားတစ်ဦးလည်း လက်နက်ကြီးမှန်ပြီး ဆုံးသွားတယ်”ဟု ပင်လောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နမ့်ဖါမူရွာနေဦးဒေါင်းနှင့် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာတွင် လက်နက်ကြီးခြောက်လုံးကျရောက်ပေါက်ကွဲသဖြင့် မူလတန်းကျောင်းသူ မအေးနှင့် မူလတန်းကျောင်းသား ဖိုးသောကြာတို့ ထိမှန်ပြီး တောင်ကြီးဆေးရုံသို့ပို့ထားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ဒေသခံ သုံးထောင်ထက်မနည်းရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်က အသိပေးသည်။

ထို့အပြင် နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ – CJ)

လက်ရှိ ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာမှန်ကန်ကြောင်း ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်သွားမည်ဟု အသိပေးသည်။

ထို့အပြင် ဇွန်လ ၁၉ရက်က ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရောက်ရန် ကြွရောက်သည့် ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ တံတားဦးလေဆိပ်အနီးတွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။