Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)

▪️ အမျိုးသားတစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNA(ပအိုဝ်းပြည်သူ့စစ်) တို့သည် ဇွန်လ ၁၈ရက်ကစ၍ ဖယ်ခုံမြို့ကိုပြန်လည်စိုးမိုးရန် အင်အားအမြောက်အများဖြင့်ထိုးစစ်ဆင်လာပြီးနောက် လက်နက်ကြီးပစ်ကူဖြင့် နယ်မြေရှင်းလင်းနေ ခြင်းဟု ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ – CJ)

“တနေ့(ဇွန် ၁၉ ရက်)က လွယ်ကျိုင်း‌ကျေးရွာဘုန်းတော်ကြီး‌ကျောင်းမှဦးဇင်းအရှင်နေမိန္တ ရင်ဘတ်ကို လက်နက်ကြီးစထိပြီး ပျံလွန်တော်မူသွားတာ။မနေ့က ဟံတနားရွာက အရပ်သားတစ်ဦးလည်း လက်နက်ကြီးမှန်ပြီး ဆုံးသွားတယ်”ဟု ပင်လောင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နမ့်ဖါမူရွာနေဦးဒေါင်းနှင့် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာတွင် လက်နက်ကြီးခြောက်လုံးကျရောက်ပေါက်ကွဲသဖြင့် မူလတန်းကျောင်းသူ မအေးနှင့် မူလတန်းကျောင်းသား ဖိုးသောကြာတို့ ထိမှန်ပြီး တောင်ကြီးဆေးရုံသို့ပို့ထားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ဒေသခံ သုံးထောင်ထက်မနည်းရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်က အသိပေးသည်။

ထို့အပြင် နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကိုတွေ့ရစဥ်။ဓာတ်ပုံ – CJ)

လက်ရှိ ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာမှန်ကန်ကြောင်း ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်သွားမည်ဟု အသိပေးသည်။

ထို့အပြင် ဇွန်လ ၁၉ရက်က ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရောက်ရန် ကြွရောက်သည့် ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသတို့ တံတားဦးလေဆိပ်အနီးတွင် စစ်ကောင်စီတပ်ပစ်ခတ်၍ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။