Connect with us

Hi, what are you looking for?

သတင်း

ဆန်ဈေးတက်သည်ဆိုကာ ဆန်စပါးအသင်းချုပ်ဥက္ကဌအပါအဝင် ဆန်လုပ်ငန်းရှင် ၁၀ဦးကျော်ကို စစ်ကောင်စီဖမ်းဆီးစစ်​ဆေး

ဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆိုကာ စစ်​ကောင်စီက ဆန်စပါးလုပ်ငန်းရှင် ခေါ်ယူစစ်ဆေး​နေခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

(အခမ်းအနားတစ်ခုတွင် ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်း​အောင် စကား​ပြောကြားစဥ်။ဓါတ်ပုံ-UMFCCI)
(အခမ်းအနားတစ်ခုတွင် ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်း​အောင် စကား​ပြောကြားစဥ်။ဓါတ်ပုံ-UMFCCI)

စောနွေဦး/People’s Spring

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်အပါအဝင် ဆန်လုပ်ငန်းရှင် ၁၀ ဦးကျော်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။

ဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆိုကာ စစ်​ကောင်စီက ဆန်စပါးလုပ်ငန်းရှင် ခေါ်ယူစစ်ဆေး​နေခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီဖမ်းဆီးထားသည့် လုပ်ငန်းရှင်များထဲတွင် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဦးရဲမင်းအောင်နှင့်အတူ ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဌ ဦးလူမော်မြင့်မောင်လည်းပါဝင်သည်ဟု ၎င်းက​ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက ဆန်လုပ်ငန်းရှင်တွေကိုဖမ်းတယ်။ ဥက္ကဌကိုတော့ နေပြည်တော်ကို အစည်းအဝေးလို့ခေါ်ပြီး အခုထိပြန်မလွှတ်သေးဘူး”ဟု အခြားဆန်လုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

စစ်ကောင်စီဒုဝန်ကြီးနှင့် ဆန်လုပ်ငန်းရှင်များဇွန် ၂၀ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် လုပ်ငန်းရှင်များကို ယခုကဲ့သို့ ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်ကောင်စီက ဆန်ဈေးနှုန်းကိုလည်း ၎င်းတို့သတ်မှတ်သည့်နှုန်းအတိုင်းရောင်းချရန်နှင့် မရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ဆန်လုပ်ငန်းရှင်များကို ခြိမ်းခြောက်ထားသည်။

“ဆန်၊စပါးဈေးကွက်တစ်ခုလုံး ဆုတ်လည်းဆူး၊စားလဲရူးရမဲ့အခြေအနေကိုရောက်နေပြီ။”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

စစ်ကောင်စီက ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၇၀,၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကိုကျပ် ၁၃၅,၀၀၀ဖြင့်ရောင်းချရန်သတ်မှတ်ထားသည်။ ပြင်ပပေါက်ဈေးတွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် တစ်သိန်းနှင့် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၇၀,၀၀၀ ပေါက်ဈေးရှိနေသည်။

ဆန်အပါအဝင် ကုန်​ဈေးနှုန်းများအားလုံးတက်​နေခြင်းမှာအာဏာသိမ်း စစ်​ကောင်စီ​ကြောင့် တိုင်းပြည်စီးပွား​ရေးပျက်စီးပြီး ၊​ငွေစက္ကူအများအပြားရိုက်နှိပ်သဖြင့် ​​ငွေ​ဖောင်းပွကာ ကုန်​ဈေးနှုန်းများတက်​နေခြင်း​ဖြစ်​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။သို့​သော် စစ်​ကောင်စီကမူ ​ဈေးတက်​သော ကုန်စည်နှင့် သက်ဆိုင်​သော လုပ်ငန်းရှင်များကိုဖမ်းဆီး စစ်​ဆေးခြိမ်း​ခြောက်ကာ ​ဈေးကျ​အောင်လုပ်​နေခြင်းဖြစ်သည်။

စစ်​​ကောင်စီက ​ဒေါ်လာ ၊ ​ရွှေ ​ရောင်းဝယ်သူများကို ​ဈေးတင်​ရောင်းချသည်ဟုစွပ်စွဲဖမ်းဆီးပြီး​နောက် ယခုအခါ ဆန်လုပ်ငန်းရှင်များ မှာ ပစ်မှတ်ထားဖမ်းဆီးစစ်​ဆေးခံလာရခြင်းဖြစ်သည်။ ဆန်စပါးအသင်းချုပ်သည် စစ်​ကောင်စီအတွက် ​ဒေါ်လာနှင့်နိုင်ငံခြား​ငွေ များစွာရရှိရန် တက်ကြွစွာပူး​ပေါင်း​ဆောင်ရွက်ခဲ့​သောအသင်းဖြစ်​သော်လည်း ယခုအခါအ​ရေးယူခံရခြင်းဖြစ်သည်။

စစ်​ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ ဇွန်လဆန်းအထိ့ ​ငွေစက္ကူ​ပေါင်း ကျပ်ဘီလီယံ​ပေါင်း ၃၀၀၀၀ ​ကျော်ရိုက်နှိပ်ထုတ်​ဝေခဲ့ပြီး ​ဘက်ဂျက်လို​ငွေအတွက် ​ငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းမှာ ​ငွေ​ဖောင်းပွပြီး လက်ရှိ စီးပွား​ရေးပြသာနာများ၏ အဓိကအ​ကြောင်းရင်းဖြစ်​ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာ​ရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။