Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန်၊ စပါးဈေး သမိုင်းတလျောက် အမြင့်ဆုံးရောက်

ဆန်​ဈေးကဲ့သို့ပင် စပါး​ဈေးများမြင်တက်​နေပြီး ဧပြီ ၂၄ ရက်တွင် အရည်အ​သွေးအနိမ့်ဆုံး စပါး တင်း ၁၀၀ လျှင် ကျပ် ၁၇ သိန်းခန့်မှ ဆန်​ချော ​ဈေးအမြင့်ဆုံး ၂၁ သိန်းအထိ ​ဈေး​ပေါက်​နေ​ကြောင်းကုန်သည်များက​ပြောသည်။

(​နိုင်ငံတစ်ဝန်းစစ်ပွဲများ​ကြောင့် ဒေါ်လာပိုမိုလိုအပ်​နေ​သောအာဏာသိမ်းစစ်​ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့အစီအစဥ်ဖြင့် ပြည်တွင်းဖူလှုံသည်ဆိုကာတစ်နှစ်အတွင်း ဆန်တန်ချိန် ၂ သန်း​​ကျော်ပြည်ပတင်ပို့ထားသည်။ ပြည်ပဆန်းတင်ပို့ရန် သ​ဘော်​ပေါ်တင်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(​နိုင်ငံတစ်ဝန်းစစ်ပွဲများ​ကြောင့် ဒေါ်လာပိုမိုလိုအပ်​နေ​သောအာဏာသိမ်းစစ်​ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့အစီအစဥ်ဖြင့် ပြည်တွင်းဖူလှုံသည်ဆိုကာတစ်နှစ်အတွင်း ဆန်တန်ချိန် ၂ သန်း​​ကျော်ပြည်ပတင်ပို့ထားသည်။ ပြည်ပဆန်းတင်ပို့ရန် သ​ဘော်​ပေါ်တင်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ပြည်တွင်း​ဈေးကွက်တွင်ဆန်ဈေး​ရော စပါး​ဈေးပါဆက်တိုက်မြင့်တက်နေပြီးသမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်းရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဆန်စက်များ ဆန်ထုတ်လုပ်မှုလျော့ကြခြင်းနှင့် ဆန်ဝင်ရောက်မှုလျော့နည်းလာခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဆန်ဈေးအဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များက​ပြောသည်။

လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းတအိပ်ကို ကျပ် ၁၀၅,၀၀၀မှ ၁၁၀,၀၀၀အထိမြင့်တက်နေပြီး ရက်၉၀ ဆန်ကြမ်းဈေးမှာလည်း တအိပ်ကို ကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ အထိရှိလာသည်ဟု ဆန်ကုန်သည်များက​ပြောသည်။

ထိုဈေးနှုန်းများသည် ရက်ပိုင်းအတွင်း ကျပ် တစ်​သောင်းခန့်မြင့်တက်လာခြင်းဖြစ်သည်။ သင်္ကြန်မတိုင်ခင်က ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၉၃,၀၀၀နှင့် ရက် ၉၀ ဆန်ကြမ်းဈေးမှာ တအိတ်ကို ကျပ် ၅,၇၀၀ မှ ၆,၄၀၀ခန့်သာပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သင်္ကြန်မတိုင်ခင်ကတည်းက ဆန်ဈေးက တဖြေးဖြေးတက်နေတာ အခုဈေးနှုန်းတွေ စိုးရိမ်စရာကောင်းလောက်အောင် အမြင့်ဆုံးဖြစ်နေတာ”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

လက်ရှိတွင် ဆန်ကို စိုးရိမ်စိတ်ဖြင့် ဝယ်ယူနေသူလည်းရှိပြီး လက်ရှိအခြေအနေများအရ ဆန်ဈေးမှာ ဆက်လက်မြင့်တက်နိုင်သည်ဟုလည်း ၎င်းကခန့်မှန်းသည်။

“ရွှေဘိုပေါ်ဆန်းတအိတ်ကို တသိန်းကျော်တာတောင်အသန့်မရတော့ဘူး။ ဆန်ကွဲတွေရောထားတယ်”ဟု ယနေ့ဆန်ဝယ်ခဲ့သည့် အိမ်ရှင်မတစ်ဦးကလည်းပြောသည်။

ဆန်​ဈေးကဲ့သို့ပင် စပါး​ဈေးများမြင်တက်​နေပြီး ဧပြီ ၂၄ ရက်တွင် အရည်အ​သွေးအနိမ့်ဆုံး စပါး တင်း ၁၀၀ လျှင် ကျပ် ၁၇ သိန်းခန့်မှ ဆန်​ချော ​ဈေးအမြင့်ဆုံး ၂၁ သိန်းအထိ ​ဈေး​ပေါက်​နေ​ကြောင်းကုန်သည်များက​ပြောသည်။

ထိုသို့ ဆန်၊ရပါး​ဈေးနှုန်းများစံချိန်တင်​ဈေးကြီးလာခြင်းမှာ စစ်​ကောင်စီနှင့် ဆန်အသင်းက ပြည်ပသို့ဆန်တင်ပိုမှုတိုး၍ ​ဒေါ်လာပိုရရန် ပြုလုပ်​နေ​သော​ကြောင့်ဖြစ်​ကြောင်း ဆန်၊စပါးကုန်သည်များကသုံးသပ်သည်။

ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့်ပတ်သတ်ပြီး ဈေးနှုန်းများမြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧပြီ ၂၄ ရက် ညပိုင်းကစွပ်စွဲထုတ်ပြန်သည်။ ဈေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသူများအနေဖြင့် ကုန်သည်ဒိုင်များနှင့် အသင်းချုပ်ရုံးတွင်များတွင် ဆက်သွယ်ဝယ်ယူနိုင်သည်ဟု အသင်းချုပ်က ဆိုသည်။

သို့​သော် ပြည်တွင်းစိုက်ပျိုးမှုများသည်ဆိုကာ စစ်​ကောင်စီအတွက်​ဒေါ်လာပိုရ​စေရန်အတွက် ပြည်ပသို့ပိုမိုတင်ပို့ရန်လုပ်​နေ​သောအ​ခြေအနကိုမူ အသင်းက​ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားသည်။

ဆန်ဈေးမြင့်တက်ရန်နှင့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လှုံဆော်ဆောင်ရွက်သူများနှင့် အွန်လိုင်းတွင် သတင်းအချက်အလက်တင်သူများကို ဝိုင်းဝန်းစီစစ်ဖော်ထုတ်ရန်နှင့် မထူးခြားပါက သက်ဆိုင်ရာတင်ပြဆောင်ရွက်သွားမည်ဟုလည်း ဆန်စပါးအသင်းချုပ်က ခြိမ်းခြောက်ထားသည်။ ဆန်စပါးအသင်းချုပ်သည် အာဏာသိမ်းစစ်​ကောင်စီ လက်ထက် တက်ကြွစွာ​ဆောင်ရွက်​နေ​သော အသင်းအချို့မှ တစ်ခုဖြစ်​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

စစ်ကောင်စီကနိုင်ငံခြားငွေလိုအပ်ချက်အတွက်ပြည်ပကို ဆန်တင်ပို့မှု မြင့်တင်ခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့ခဲ့ကာ ဒေါ်လာ သန်း ၈၀၀ကျော်ရရှိခဲ့သည်။ ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် ၂ ဒသမ ၂ သန်းတင်ပို့ပြီး ဒေါ်လာ ၈၅၃ သန်းရရှိရန် ဆောင်ရွက်မည်ဟုထုတ်ပြန်ထားသည်။

ထို​ကြောင့်သတ်မှတ်ပမာဏ ကိုပြည့်မိရန် ၂၀၂၂ ခုနှစ် ​ဖေ​ဖော်ဝါရီ နှင့် မတ် လ နှစ်လတွင် တန်ချိန် သုံးသိန်း​တင်ပို့ရန် စစ်​ကောင်စီနှင့် ဆန်စပါးအသင်းချုပ်ကရည်မှန်း၍ ပြည်ပသို့ဆန်အများအပြားတင်ပို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

ဆောင်းပါး

"တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။

သတင်း

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

သတင်း

ပြင်ပပေါက်ဈေးတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၉၅,၀၀၀ မှ ၁၀,၃၀၀၀ ကျပ်နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၆၅,၀၀၀ဝန်းကျင် ရှိနေသည်။