Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းကို​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပြီး​နောက်မဘိမ်းနှင့် ကသာမြို့နယ်ကြားရှိ ငါးအိုးရွာတွင်စစ်တပ် ခံစစ်ပြင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများ၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေ အနေကို ကြိုတင်သတိပြုရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(မဘိမ်းမြို့နယ် ၊ငါးအိုးရွာကို Google Earth တွင်​တွေ့ရမှု)
(မဘိမ်းမြို့နယ် ၊ငါးအိုးရွာကို Google Earth တွင်​တွေ့ရမှု)

မဘိမ်းမြို့ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူလျြက်ပြီး‌နောက် စစ်ကောင်စီတပ်က ကသာမြိုနယ်နှင့်မဘိမ်းမြို့နယ်ကြားရှိ ငါးအိုးရွာတွင် ခံစစ်ပြင်ဆင်​နေကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF ပူးပေါင်းတပ်က ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ကြပြီး သုံးရက်အကြာဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မဘိမ်းမြို့သည် ရှမ်းပြည်နယ် ၊ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း အစပ်ရှိမြို့ဖြစ်သည်။

၂၀၁၉ စက်တင်ဘာလအထိစာရင်းအရ မဘိမ်းမြို့​ပေါ်တွင်ပြည်သူ ၄၃၅၉ ဦး ၊ မဘိမ်းမြို့နယ် အတွင်းရှိ ​ကျေးရွာများတွင် ၃၇၂၇၆ ဦး​နေထိုင်ပြီး တစ်မြို့နယ်လုံးတွင်ပြည်သူ ​လေူ​သောင်းတစ်​ထောင်​ကျော်​နေထိုင်သည်။

ငါးအိုးရွာသည် မဘိမ်းမြို့နယ်ထဲတွင်ပါရှိသော်လည်း စစ်ကိုင်းတိုင်း၊ ကသာမြို့နှင့် နီးသည်။၂၀၁၄ သန်း​ခေါင်းစာရင်းအရ လူဦး​ရေ ၁၁,၀၀၀ ​ကျော်ရှိ​သောရွာကြီးဖြစ်သည်။ငါးအိုးရွာ အခြေစိုက် ခလရ(၁၂၁) ထဲတွင် စစ်ကောင်စီက လက်နက်ကြီးများ ပြင်ဆင်ထားသလို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက‌ ပြောသည်။

Public Service Announcement

Public Service Announcement

” ငါးအိုးတပ်ထဲမှာ ‌ခြေရှုပ်နေတယ်။ ခံစစ်ပြင်မယ်လို့ တပ်ရင်းထဲကနေ ပြန်ကြားရတယ်။ ညကလည်း လက်နက်ကြီးတွေရမ်းသမ်းပစ်တယ်” ဟု ငါးအိုး ဒေသခံတဦးကပြောသည်။

ထို့​ကြောင့် ငါးအိုးရွာမှဒေသခံပြည်သူများသည် ကသာမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်​နေကြကြောင်း ​ဒေသခံများက​ပြောသည်။

မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးသိမ်းပိုက်ထိန်းချုပ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများ၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေ အနေကို ကြိုတင်သတိပြုရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။