Connect with us

Hi, what are you looking for?

သတင်း

နောင်ချို၌ကျန်နေသည့် အမှတ်(၆၀၆) ဒုံးတပ်၌ တိုက်ပွဲပြင်းထန်

ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းတွင် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတပ် လေကြောင်းပစ်ကူပေး၊ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းဟု TNLA အသိပေး

▪️ကျောက်မဲရှိ စစ်ကောင်စီတပ်ရင်း ၂ခုတွင်လည်း တိုက်ပွဲဆက်ဖြစ်

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ် ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ရှမ်းမြောက် နောင်ချိုမြို့နယ်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ (၆၀၆)ဒုံးတပ်ရင်း၌ ယနေ့(ဇူလိုင် ၂ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရှစ်ရက်မြောက် တိုက်ပွဲသတင်း ထုတ်ပြန် အသိပေးခြင်း ဖြစ်သည်။

နောင်ချိုမြို့တိုက်ပွဲတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ(၁) လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ဖြစ်ဖြစ်ပြီး ခမရ (၁၁၄)နှင့် (၁၁၅) တပ်စခန်းများကို TNLA သိမ်းပိုက်ပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ဒုံးတပ်ရင်းသို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်ရင်းတွင် ယနေ့ တစ်နေကုန်နီးပါး တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းတွင် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

” ၆၀၆မှာ လက်နက်ကြီး၊သေးအသံစုံပြီး လေယာဥ်ဝဲပြီးထုရင် အောက်ကနေလဲ လေယာဥ်ထုတဲ့ဟာတွေနဲ့ပြန်ထုချတာနဲ့ အတော်ကို အသံတွေညံနေတယ်။ မြို့ပေါ်ကတော့ လတ်တလော လေယာဥ်ဝဲတာမရှိ ဘူး။ အပတ်အခတ်ငြိမ်နေပါတယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ဒုံးတပ် (၆၀၆)သည် နောင်ချိုမြို့နှင့် (၃)မိုင်ခန့်ကွာဝေးသော နန့်ဆောင်ဟူးကျေးရွာအနီးတွင် တည်ရှိသည်။

ထို့အပြင် အဆိုပါတပ်ရင်းအား စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၅၀ဦး ဖြည့်တင်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ဇူလိုင် ၁ရက် ဒုံးတပ်ရင် တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပစ်ကူပေးခဲ့သည့်အပြင် Y12 ဖြင့် လက်နက်ခဲယမ်းများပို့ဆောင်ခဲ့သည်ဟုဆိုသည်။

Jet Fighter (၅)စီး၊ MI-35(၂)စီး၊ Y-12 (၁)စီးဖြင့် ပစ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း TNLAကထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အစပိုင်းရက်များတွင် နောင်ချိုရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုနှင့် တပ်စွဲရာနေရာအချို့ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်ပြီးဖြစ်ရာ လက်နက်ခဲယမ်း ရာချီရရှိထားသည်။

ထို့ပြင် နောင်ချို့နှင့် ကျောက်မဲရဲစခန်းများကို သိမ်းပိုက်ကာ မြို့တွင်းသို့ TNLA ပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထားပြီးဖြစ်သည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချိုမြို့နယ်တွင် တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ကျောက်မဲတွင်လည်း ယနေ့ တိုက်ပွဲဆက်ဖြစ်ခဲ့ဟု TNLAက ထုတ်ပြန်သည်။

ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ ခမရ(၅၀၁)(၅၀၂) တပ်စခန်း၌ ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် မိုးမိတ်မြို့မှ မကျီးပင်ဒေသသို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့တွင် မိုးမိတ်မြို့တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ညောင်နီနှင့် သရက်ချိုရွာဘက်သို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

TNLAနှင့်ပူးပေါင်းတပ်များ၏ ၁၀၂၇စစ်ဆင်ရေးနှင့်ဆက်စပ် စစ်ဆင်ရေးများ၌ စစ်ကောင်စီတပ်စခန်း ၄၀ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ တပ်ရင်းဌာနချုပ်များလည်း ပါဝင်သည်။

ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါနှင့် မတ္တရာမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။