Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့တွင် ခရီးသွားအမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

မိုးမိတ်မြို့၊ နမ့်မိတ်ချောင်းတံတားအနီးတွင် သပုပ်ပွနေသော ပိုင်ရှင်မဲ့ ရုပ်အလောင်းနှစ်လောင်းကို ယမန်နေ့(ဧပြီလ၄ရက်) နေ့လယ်က တွေ့ရှိခြင်းဖြစ်သည်။

(အသတ်ခံရသူ ရုပ်အလောင်းနှစ်လောင်းအား မီးရှို့သင်္ဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - CJ)
(အသတ်ခံရသူ ရုပ်အလောင်းနှစ်လောင်းအား မီးရှို့သင်္ဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - CJ)

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် ခရီးသွားအမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ပြီး အလောင်းစွန့်ပစ်သွားကြောင်း ဒေသခံများကပြောသည်။

မိုးမိတ်မြို့၊ နမ့်မိတ်ချောင်းတံတားအနီးတွင် သပုပ်ပွနေသော ပိုင်ရှင်မဲ့ ရုပ်အလောင်းနှစ်လောင်းကို ယမန်နေ့(ဧပြီလ၄ရက်) နေ့လယ်က တွေ့ရှိခြင်းဖြစ်သည်။

လက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် အမျိုးသားနှစ်ဦး သေဆုံးနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီ ၁ရက်တွင် သတ်ဖြတ်ခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” နမ့်မိတ်ချောင်းတံတားနားမှာ စစ်ခွေးစစ်ဆေး‌ရေးဂိတ်ရှိတယ်။ ၁ရက်နေ့ညက လူနှစ်ယောက်ကို ရပ်ခိုင်းတယ်။ ခဏနေတော့ ဆဲဆိုပြီး ပစ်သတ်တာ။ ဒီမှာက စစ်တပ်ဂိတ်တွေက လူသတ်ပွဲလုပ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးသည် မည်သူများဖြစ်သည်ကို မသိရှိရသေးပေ။ ခရီးသွားအမျိုးသားနှစ်ဦးဖြစ်နိုင်ပြီး တစ်ဦးသည် မြို့နယ်အခြေပြု ဆရာအတတ်သင်သင်တန်း မန်တုံမြို့နယ်ဟု ရေးသားထားသော အင်္ကျီကိုဝတ်ဆင်ထားသည်။ရုပ် အလောင်းအားတွေ့ရှိချိန် ပုပ်ပွနေ၍ ဧပြီ ၄ရက်တွင် လူမှုကူညီရေးလုပ်ဆောင်သူများက မီးရှို့သဂြိုလ်လိုက်ရသည်။

မိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းနှင့် ရဲစခန်းကို သိမ်းယူခဲ့သည်။

ဇန်နဝါရီ ၂၄ရက်မှစ၍ တိုက်ပွဲများငြိမ်တက်သွားပြီး ရပ်အနည်းငယ်အကြာတွင် တော်လှန်ရေးအင်အားစုများပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့နောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအား လေကြောင်းမှတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။ ထို့နောက် စစ်ကောင်စီက ပြန်လည်တပ်ဆွဲကာ အရပ်သားများအားပစ်ခတ်သတ်ဖြတ်မှုများ၊ နေအိမ်များအားဖျက်ဆီးမှုများ ပြုလုပ်နေသည် မြို့ခံများကပြောသည်။

မြို့ခံများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ဒေသခံအချို့သည် မြို့သို့ပြန်လာနေကြပြီဖြစ်သော်လည်း အများစုသည် စစ်ကောင်စီ၏ရန်ကိုကြောက်လန့်၍ ပြန်မလာကြသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။