Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောက်စီက တံတားများ ဖျက်ဆီး

ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ တံတားများ ချိုးဖျက်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၆ ရက်) နံနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာနှင့် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ရွှေပြည်ရွာရဲကင်းစခန်းအနီး ပစ်ခတ်မှုများရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

ထို့အပြင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စဉ့်ကူးမြို့နယ်အတွင်းရှိ ထုံးကြီးရွာနှင့် တောင်အင်းရွာကြား နတ်မင်းတံတား၊ တောင်အင်းရွာနှင့် ရွှေပြည်ရွာကြား ကိုင်းချောင်းတံတားနှင့် အသားတံတား၊ စုစုပေါင်း တံတားသုံးစင်းအား ချိုးဖျက် ထားကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တံတားတွေက စဥ့်ကူးတောင်ပိုင်း။ စဥ့်ကူးအောက်ပိုင်းမှာလည်း ပွဲတွေဖြစ်နေတယ်။ လေ​ကြောင်းလည်းချနေတယ်။”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။

“လက်ပန်လှစခန်းက အလံဖြူထောင်ထားပြီးသား။ရဲတပ်သားတွေကို မသတ်ဘူး။ ထွက်ပြေးသွားတာ။ ကျောက်မြောင်းဘက် ရောက်ကုန်ပြီ။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

စဥ့်ကူးမြို့နယ်အတွင်း ကျန်ရှိနေသော တပ်စခန်းများနှင့် ပျူစောထီးစခန်းများကိုလည်း မန္တလေးPDF ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဇူလိုင် ၃ ရက်က လက်ပန်လှရွာရဲစခန်းအနီးအား စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက်ခိုက် ခဲ့၍ အမျိုးသမီး သုံးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မြေပြင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်၍ ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဇွန်လကုန်ပိုင်းကစတင်ခဲ့သည် စဥ့်ကူးမြို့နယ်တိုက်ပွဲများတွင် ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း မန္တလေး PDFက ဇူလိုင် ၃ ရက်က ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း ၁၃ဦးကိုလည်း ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။