Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ တစ်ရက်တည်း အရပ်သား ၁၅ဦးသေဆုံး

စခန်းအများအပြား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက လေကြောင်းမှ အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများအား ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)

ထက်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ယနေ့ တစ်ရက် တည်း အရပ်သား ၁၅ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၃ရက်) နေ့လယ် ၁၂နာရီခန့်နှင့် ၁နာရီခန့်အတွင်း လေကြောင်းမှ ခုနစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားများထိခိုက်သေဆုံးခြင်းဟု ဆိုသည်။

” တစ်ကြိမ်က သုံးယောက်ထိတယ်။ နောက်တစ်ကြိမ်က ၁၂ယောက်ထိတယ်။ ရဲစခန်းအနောက်ဘက်ကို ပစ်တာ။ လူနေရပ်ကွက်ထဲကို ပစ်တာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – မန္တလေး PDF)

ယနေ့လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၅ဦးသေဆုံးကြောင်း စဉ့်ကူးမြို့ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူများနှင့် ပတ်သက်သည့် အချက်အလက်များကို မသိရှိရသေးပေ။

ယနေ့နံနက် ၄နာရီခန့်မှစ၍ ညနေ ၄နာရီခန့်အထိတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြို့ခံများကပြောသည်။ နွယ်ရုံရဲစခန်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်သိမ်းပိုက် ထားစဉ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ပြီး ရဲစခန်းအနီး လူ‌နေ ရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သတင်းရရှိသည်။

ယခုရက်ပိုင်းတွင် စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မန္တလေးPDF ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေသည်။ ဒိုးနွယ်ရွာတပ်စခန်း၊နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင်တပ်စခန်း ၊ ရွှေမာလဲစေတီတပ်ခစန်း ၊ ရွာတော်လေးတပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို သိမ်းပိုက်ထားကြောင်း မန္တလေးPDFက ယနေ့ည ထုတ်ပြန်ထားသည်။

စဥ့်ကူးမြို့နယ် ထုံးကြီးရွာစစ်ကောင်စီစခန်း၊ မြို့မရဲစခန်းနှင့် လက်ပန်းလှစခန်းသာ ကျန်ရှိတော့ပြီး ကျန်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက်  တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ ၏ တပ်စခန်းများအား မန္တလေး PDFက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – မန္တလေး PDF)

စခန်းအများအပြား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက လေကြောင်းမှ အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများအား ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဖြတ်သွားပြီး လက်ရှိတိုက်ပွဲပြင်းထန်နေသည့် မိုးကုတ်မြို့နှင့် မန္တလေးမြို့နယ်ကြား၌ တည်ရှိသည်။စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။