Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲ နှစ်ပတ်အတွင်း အရပ်သား ၅၀ဦးထက်မနည်း သေဆုံး၊ ၆၇ဦးထက်မနည်း ဒဏ်ရာရ

အရပ်သားသေဆုံးထိခိုက်မှုမှာ TNLAက ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်ကို ဒေသခံ သတင်းရင်းမြစ်၏ အသိပေးချက်အရ သိရသည်။

(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ထားမြတ်/People’s Spring

စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ငါးဦးထပ်မံသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်နေသည့် မိုးကုတ်၊ လားရှိုး၊ မိုးမိတ်မြို့နယ်များအတွင်း အရပ်သား ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့(ဇူလိုင် ၇ရက်)က မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲ၍ အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း ယမန်နေ့ အခြေအနေကို TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

မိုးမိတ်မြို့နယ် လယ်ကြီးရွာတွင်လည်း စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး အပါအင် အရပ်သား သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဇူလိုင် ၆ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် (၅)တွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးသေဆုံးသွားပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင် ၅ရက်ကလည်း လားရှိုးမြို့နယ် နမ့်နွန်းရွာ၌ ကျည်ထိမှန်၍ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA ထုတ်ပြန်ချက်များအရ ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်သည့် ဇွန် ၂၅ရက်မှ ယမန်နေ့ (ဇူလိုင် ၇ရက်)အထိ ရှမ်းမြောက်ဒေသ တိုက်ပွဲများအတွင်း အရပ်သား ၄၉ဦး သေဆုံးကာ ၆၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု သောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရသည်။

လားရိုးမြိုု​ြတွင် ယနေ့ (ဇူလိုင် ၈ရက်)တွင်လည်း တိုက်ပွဲဆက်ရှိနေဆဲဖြစ်ကြောင်း လားရှိုးဒေသ သတင်းရင်းမြစ်က အသိပေးထားသည်။

(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“လားရှိုး ရက်ကွက် (၅)အထက်မန်အိုင်နှင့် ၅၀၇ တပ်ဖက်တွင်တိုက်ပွဲများဖြစ်ပွါးနေဆဲဖြစ်ပါတယ် ။ လက်နက်ကြီးသံများနှင့် လက်နက်ငယ်သံများ ရက်ကွက်၅-နှင့် ၇ အဆက် တောင်ပေါ်ပိုင်းတွေမှာပိုပြီးဆူဆူညံညံကြားနေရပါတယ်။ လက်ရှိ လားရှိုးမှစစ်ရှောင်သည့် ယာဉ်များလည်း မယ်ဟန်စစ်ဆေးရေးဂိတ်တွင်သွားလာခွင့် ရနေပါသေးတယ် လမ်းခရီး သေချာဂရုစိုက်သွားကြဖို့နှင့် လမ်းကြောင်းသေချာစုံစမ်းသွားလာစေလိုပါတယ်နော်။ ကားအရမ်းပိတ်ပြီးအတက်အဆင်းကားတွေပိတ်မိနေတယ်လို့လည်းသိရပါတယ်” ဟု Lashio General Guide က အသိပေးထားသည်။

ယမန်နေ့တွင် ရပ်ကွက်(၅)၌ အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ရပ်ကွက် (၇) ကွက်သစ်၊ နယ်မြေ (၁၉)တွင်လည်း တစ်ချိန်တည်း လေးဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အသိပေးထားသည်။

ထို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုမှာ TNLAက ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်ကို ဒေသခံ သတင်းရင်းမြစ်၏ အသိပေးချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။