Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့၌ စစ်ဘေးရှောင် သောင်းချီရှိ၊ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ

ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးရမိထားပြီး စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))
(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်၌ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သောင်းချီရှိနေပြီး စစ်ဘေးရှောင်စခန်းအချို့​ ဆေးဝါးနှင့် ရိက္ခာလိုအပ်ချက် ရှိနေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့၌ဇွန်လကုန်ပိုင်းမှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာအများအပြားမှ ဒေသခံပြည်သူသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး မတ္တရာမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့ ဆန်အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

“ရှောင်နေရတဲ့ကျေးရွာတွေက ဒေသခံတွေက သောင်းကြီးပိုင်းအထိ အရမ်းများပါတယ်။ အခုဒီလိုထောင်ဂဏန်းအထိရှိနေတဲ့ စစ်ရှောင်စခန်းမှာ ဆန်အိတ်၂အိတ်ပဲရှိပါတော့တယ်။”ဟု စစ်ရှောင်ကူညီနေသည့် မတ္တရာအခြေစိုက် ရောင်နီနွေဦးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))
(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))

“ကျွန်တော်တို့ခွဲပြီး တာဝန်ယူနေကြတယ်ဗျ။ အရှေ့ဘက်ပိုင်းကတော့ ပအဖတာဝန်ယူနေတယ်။ အနောက်ပိုင်းကတော့ ၁,၃၀ဝလောက်ကို ပကဖတွေ တာဝန်ယူထားတယ်။လူဦးရေကတော့နည်းနည်းချင်းတော့ တိုးတယ်။ ကျွန်တော်တို့အတက်နိုင်ဆုံးတော့ တာဝန်ယူထားတယ်။”ဟု မတ္တရာပကဖရဲဘော်တစ်ဦးက ပြောသည်။

အလားတူ စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံစစ်ရှောင်များအပြင် မိုးကုတ်နှင့်မိုးမိတ်မြို့နယ်များမှ စစ်ရှောင်များလည်းရှိနေပြီး အရေအတွက်ထောင်ချီရှိနေကြောင်း သိရသည်။

“ဆေးဝါး၊စားနပ်ရိက္ခာတွေလိုအပ်နေတယ်။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်၍ စစ်ရှောင်အရေအတွ​က်ကောက်ယူရန်မှာ အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရှိရသည်။

ထို့အပြင် စစ်ကောင်စီက ဖုန်းလိုင်းအချို့နှင့် အင်တာနက်လိုင်းများပါ ဖြတ်တောက်ထား၍ အဆက်အသွယ်များပြတ်တောက်ခြင်း၊ Mobile Banking အသုံးပြု၍မရသောကြောင့် ငွေသားထုတ်ယူရန်ခက်ခဲခြင်း၊ လမ်းပိုင်းများပိတ်ဆို့နေ၍ ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး ကုန်ပစ္စည်းများစျေးမြင့်တက်ခြင်း အစရှိသည့်အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

ထို့အပြင် စဥ့်ကူး၊ မတ္တရာနှင့်သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))
(တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး၊ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး))

သို့သော် စဥ့်ကူးနှင့် မတ္တရာမြို့နယ်များ၌ ဖော်ဆောင်နေသော ရှမ်းမန်းစစ်ဆင်ရေးတွင်စစ်ရေးအောင်ပွဲများ ရရှိနေပြီး နှစ်ပတ်အတွင်း စစ်ကောင်စီတပ်စခန်း(၃၆)ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးရမိထားပြီး စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

ထိုအပြင် မတ္တရာနှင့် စဥ်ကူးမြို့နယ်စစ်ဆင်​ရေးများတွင် ဇူလိုင် ၆ ရက်အထိ စစ်သုံ့ပန်းနှင့် လက်နက်ချ အလင်းဝင်သူ စုစု​ပေါင်း ၁၃၀ ကျော် ရှိ​နေကြောင်း သတင်းရရှိသည်။

နိုင်ငံတဝန်း ပြင်းထန်သောတိုက်ပွဲများအကြား အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် အရပ်သားပြည်သူ ၃သန်းကျော်ရှိလာခဲ့ပြီဟု ကုလသမဂ္ဂက မေလဆန်းတွင် ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်ကိန်းဂဏန်းသည် ကုလသမဂ္ဂ၏ စာရင်းထက် များပြားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်သိမ်းတဲ့ ကျေးရွာတွေကို ပြန်ဝင်တဲ့ ပြည်သူတွေကို ၆ရက်အတွင်းရွာလုံးကျွတ်ပြောင်း‌ရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။