Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်နှစ်ဦး အပါအဝင်သုံးဦး ဒဏ်ရာရ

ထီးမူးထကျေးရွာမှ ပြည်သူနေအိမ် ၁၂ လုံးနှင့် ပြည်သူပိုင်ကားတစ်ချို့ ၊အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အသိပေးသည်။

(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ်က မစ်ဇိုင်းဒုံးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အရပ်သားထိခိုက်မှုဖြစ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇူလိုင် ၁၂ရက်) သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက်တွင် အောင်ဇေယျစစ်ကြောင်းမှ ပစ်ထုတ်သော အတွဲလိုက် မစ်ဇိုင်းဒုံးများကြောင့် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ထီးမူးထ ကျေးရွာကျရောက်ပေါက်ကွဲကာ အသက် (၁၁) နှစ်အရွယ် ကလေးတစ်ဦး နှင့် အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၃ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – KNU)

ထို့ပြင် ထီးမူးထကျေးရွာမှ ပြည်သူနေအိမ် ၁၂ လုံးနှင့် ပြည်သူပိုင်ကားတစ်ချို့ ၊အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အောင်ဇေယျစစ်ကြောင်းသည် မြ၀တီမြို့ကို ဦးတည်ပြီး စစ်ဆင်ရေးပြုလုပ်လျက်ရှိသည့် စစ်ကြောင်းဖြစ်ပြီး KNU ပူးပေါင်းတပ် များ၏ တိုက်ခိုက်မှုကြောင့် လက်ရှိတွင် ဒေါနတောင် တောနော်ရေတံခွန်အနီး၌ ရှေ့ဆက်မတိုးနိုင်သည့် အခြေအနေတွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – KNU)

သင်္ဃန်းညီနောင် အခြေစိုက်စစ်ကောင်စီ ဗျူဟာနှင့်တပ်ရင်းများကို KNU ပူးပေါင်းတပ်က မတ်လ နှင့် ဧပြီလဆန်းတွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ဧပြီ ၇ရက်မှစတင်ကာ အောင်ဇေယျစစ်ဆင်ရေးကို စစ်ကောင်စီတပ်က ဆင်နွှဲနေခြင်းဖြစ်သော်လည်း လက်တွေ့မြေပြင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

စစ်ကောင်စီသည် စစ်ရေးအရ တိုက်ခိုက်မှုများ ခံနေရသည့် KNUအုပ်ချုပ်နယ်မြေများရှိ ပြည်သူလူထုများရှိရာသို့ ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားရာချီသေဆုံးထိခိုက်မှုများ ရှိခဲ့ပြီးဒေသခံ ပြည်သူများစွာ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။

(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – KNU)

အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ ဒေါနတောင်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအား အသိပေးချက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို ဌာနချုပ်က ဇူလိုင် ၅ရက်ကထုတ်ပြန်ခဲ့ရာ ရောက်သည့်နေရာမှ KNLAတပ်ဖွဲ့ထံ လာရောက်လက်နက်အပ်နှံကြရန် သတိပေးထားသည်။

မြဝတီမြိုကို စစ်ကူပိုရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။