Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် ပျူစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက်စစ်တပ်နှင့်ပျူ ပူး​ပေါင်းစခန်း ၃ ခု ဆုတ်ခွာသွား

တိုက်ပွဲအတွင်း ချေမှုန်းရေးစစ်ကြောင်းမှ ရဲဘော်များသည် ဘန်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့သော်လည်း စခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တပ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers – PDF(အညာဒေသ)က ဆိုသည်။

(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)
(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ၊ ပျူစောထီးစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ထိုစခန်းအပါအဝင် စစ်ကောင်စီတပ်နှင့်ပျူ​စောထီးပူး​ပေါင်းစခန်း ၃ ခု စခန်းစွန့်ဆုတ်ခွာသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇူလိုင် ၁၃ရက် နံနက်၆ နာရီခွဲခန့်က ကူးတို့ဆိပ် ပျူရွာကို PDFများကဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)
(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)

တိုက်ပွဲအတွင်း ချေမှုန်းရေးစစ်ကြောင်းမှ ရဲဘော်များသည် ဘန်ကာ သုံးခုအား ဝိုင်းထားနိုင်ခဲ့သော်လည်း စခန်းအနီးနားရှိ ဆင်အင်းစခန်းမှ တပ်ကူရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း 96 Soldiers – PDF(အညာဒေသ)က ဆိုသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၄ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်တိုက်ခိုက်ရန် ချဥ်းကပ်ရာ ကူးတို့ဆိပ်ပျူစောထီးကျေးရွာ အတွင်းမှ စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများသည် စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)
(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)

ထိုတိုက်ပွဲ၌ စစ်အုပ်စုထိခိုက်မှုအား စုံစမ်းနေကြောင်း၊ 96 Soldiers – PDF(အညာဒေသ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး Frghter one တပ်ဖွဲ့မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း 96 Soldiers – PDF(အညာဒေသ)က အသိပေးသည်။

ထို ကူးတို့ဆိပ်ရွာပျူစခန်းအပြင် ရွှေဘိုမြို့နယ်အတွင်းရှိ မြင်းစီးပျူရွာစခန်းနှင့် ဆင်အင်းရဲစခန်းတို့မှ စစ်ကောင်စီအုပ်စုဝင်များလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း Dragon Urban Guerilla အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“မြင်းစီး က ​ေးတွေက ဇီးဖြူကုန်းရွာကို ပြေးသွားတာ။ ဇီးဖြူကုန်းမှာက စကစ တပ်စွဲထားတာ။ ဆင်အင်းနဲ့ ကူးတို့ဆိပ်က ​ေးတွေက ညောင်ကိုင်းပျူရွာ ပြေးသွားကြတာ။”ဟု ၎င်းက ပြောသည်။

“ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ဝင်တိုက်မှာ စိုးရိမ်တာကြောင့်ရယ်။ ဒီကောင်တွေ ရိက္ခာပြတ် နေပြီ။ ပြီးတော့ သူတို့ စကစ တပ်ကလည်း အရှုံးနဲ့ ရင်ဆိုင်နေရပြီလေ။ ဘာမှ အကူညီ မပေးတော့ဘူး။ အဲ့တာမို့ ထွက်ပြေးသွားတယ်လို့ထင်တယ်။”ဟု Dragon Urban Guerilla အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)
(ကူးတို့ဆိပ် ပျူရွာကို PDFများ ဝင်ရောက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-96 Soldiers -PDF)

ထိုစခန်းများသည် ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်ခဲ့ဖူးပြီး အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ယခုမှစခန်းစွန့်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ကူးတို့​ဆိပ်ရွာ စစ်ဆင်ရေးကို 96 Soldiers – PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တ-ပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့I Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force) Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတ-ပ်ဖွဲ့၊ CAF(Civil Armed force) တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းမှစစ်အုပ်စုဝင်များ စခန်းစွန့်ဆုတ်ခွာသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။