Connect with us

Hi, what are you looking for?

သတင်း

ရွှေကုန်သည်အဖြစ် ဟန်ဆောင်ပြီး ဘတ် ၃ သန်းကျော် လိမ်လည်သူ မြန်မာ ၃ ဦး ထိုင်းမှာ အဖမ်းခံရ

ရဲတွေဟာ လိမ်လည်မှုနဲ့ ပတ်သက်တဲ့ နောက်ထပ် ကြံရာပါတွေ ရှိသေးသလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ရွှေကုန်သည်အဖြစ် ဟန်ဆောင်ပြီး ဘတ် ၃ သန်းကျော် လိမ်လည်သူ မြန်မာ ၃ ဦး ထိုင်းမှာ အဖမ်းခံရ
ရွှေကုန်သည်အဖြစ် ဟန်ဆောင်ပြီး ဘတ် ၃ သန်းကျော် လိမ်လည်သူ မြန်မာ ၃ ဦး ထိုင်းမှာ အဖမ်းခံရ

ရွှေကုန်သည်တွေအဖြစ် ဟန်ဆောင်ပြီး ထိုင်းနိုင်ငံသား တဦးဆီက ဘတ် ၃ သန်းကျော် လိမ်လည်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့တုန်းက ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုရဲ့ ဒုတိယ အကြီးအကဲ ရဲအရာရှိ ပန်သာနာ နူချာနတ်က မွမ်သောင်သာနီမှာရှိတဲ့ ဌာနရုံးမှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးခဲ့တဲ့ အကြောင်းရင်းကို အသိပေးခဲ့ပါတယ်။ သူတို့ဟာ ဘန်ကောက်မှာ ထိုင်းနိုင်ငံသား တဦးကို ရွှေရောင်းမယ်ဆိုပြီး လိမ်လည်ခဲ့တယ်လို့ ပန်သာနာက ပြောပါတယ်။

ဦးဝင်းလို့ခေါ်တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားဟာ ကြံရာပါ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တော်တီး၊ ချူလင်တို့နဲ့အတူ ဖရာထိုင်း ဧရိယာနားက ဆံပင်ညှပ်ဆိုင် တစ်ခုမှာ အဖမ်းခံခဲ့ရပါတယ်။ သူတို့က ရွှေပမာဏ အများအပြားကို ဝယ်ယူဖို့အတွက် အကျိုးတူ ပူးပေါင်းမယ့်သူကို ရှာဖွေနေတဲ့ ရွှေကုန်သည်တွေအဖြစ် ပစ်မှတ် ထိုင်းနိုင်ငံသားကို အယုံသွင်းခဲ့ကြပါတယ်။

လိမ်လည်သူတွေက သူတို့ရဲ့ ပစ်မှတ်ကို ယိုဝါရတ်မှာရှိတဲ့ ဆိုင်တစ်ခုထဲက မီးခံသေတ္တာထဲက ရွှေတွေကို ဝယ်ယူဖို့ ဆိုတာမျိုး အယုံသွင်းခဲ့ပြီး ငွေကြေးထည့်ဝင်ဖို့ စည်းရုံးခဲ့ကြပါတယ်။ အရောင်းအဝယ် ကိစ္စ ပြီးဆုံးရင် အဲဒီငွေတွေအပြင် ရွှေတွေကို ပြန်လည် ထုခွဲရောင်းချတဲ့ အမြတ်ပါ ရမယ်လို့ အာမခံခဲ့တာကြောင့် လိမ်လည် ခံရသူက ထိုင်းဘတ် ၃.၁၃၅ သန်း (ဒေါ်လာ ၈၇၀၀၀) ဝန်းကျင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်က ရွှေတွေကို ရောင်းချမယ်ဆိုတဲ့ အချက်က မှန်ပေမယ့် ဦးဝင်းနဲ့ သူ့ရဲ့ ကြံရာပါတွေဟာ အဲဒီရွှေတွေကို ဝယ်ယူဖို့ ငွေကြေး မရှိသလို လိမ်လည်ခံရသူဆီလည်း ငွေပြန်မအမ်းခဲ့ပါဘူး။ လိမ်လည်ခံရသူက ငွေပြန်လိုချင်တဲ့ အချိန်မှာတော့ သူတို့သုံးယောက်က ခြေရာဖျောက်သွားခဲ့ပါတယ်။

လိမ်လည်သူ သုံးယောက်ဟာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပေမယ့် အဲဒီအတောအတွင်း နစ်နာသူက သူတို့ကို အမှုဖွင့်ထားခဲ့ပါတယ်။ နောက်တော့ သုံးယောက်သား ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက်လာချိန်မှာ အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဖရာထိုင်း ရဲစခန်းက ပြောပါတယ်။

အခုအခါမှာတော့ ရဲတွေဟာ လိမ်လည်မှုနဲ့ ပတ်သက်တဲ့ နောက်ထပ် ကြံရာပါတွေ ရှိသေးသလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ကိုးကား: Khaosod⁩

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook