Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်မှ အဖိုးတန်ရိုးရာ​ရှေး​ဟောင်းပစ္စည်းများကိုထိန်းသိမ်း​စောင့်​ရှောက်ထား​ကြောင်း IEC ထုတ်ပြန်

လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်သည့် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းများကို အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ််ပြန်သည်။

လွိုင်​ကော်မြို့ယဥ်​ကျေးမှုပြတိုက်ရှိ ရှေး​ဟောင်းအ​မြောက်

“ပျောက်ဆုံးမှုကို ကင်းလွတ်ဖို့ရယ်၊ စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်မှုတွေကနေ မပျက်စီးရအောင် စနစ်တကျ ထိန်းသိမ်းထားတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်”

− IEC အတွင်းရေးမှူး ဦးဗညား

ရဲခေါင်/People’ Spring

လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်သည့် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းများကို အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ််ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းတိုက် ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် အများပြည်သူအိုးအိမ်များ၊ အများပြည်သူပိုင် အဆောက်အဦးများနှင့် ဘာသာရေးအဆောက်အဦးများ များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မသမာသူများ၏ ဖောက်ထွင်းခိုးယူမှုများကြောင့် အများပြည်သူပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုများ ရှိခဲ့ပြီး ထိုကာလအတွင်း စစ်​ကောင်စီ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်သည့် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းများ ပျောက်ပျက်ဆုံးရှုံးရမည့်အရေးနှင့် ကြုံတွေ့ခဲ့ရကြောင်း အသိပေးသည်။

ထို့ကြောင့် ပြတိုက်အတွင်းရှိ ရိုးရာအသုံးအဆောင်များ၊ ရိုးရာတူရိယာများ၊ ရိုးရာလက်နက် ကိရိယာများ၊ ရိုးရာအဆင်တန်ဆာပစ္စည်းများ၊ ဖားစည်များ စသည်တို့ကို မပျောက်ပျက်ရလေအောင် လုံခြုံစိတ်ချရသည့် နေရာသို့ အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့် ရှောက်ခဲ့ရကြောင်း IEC က ဖော်ပြသည်။

“ပျောက်ဆုံးမှုကို ကင်းလွတ်ဖို့ရယ်၊ စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်မှုတွေကနေ မပျက်စီးရအောင် စနစ်တကျ ထိန်းသိမ်းထားတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်”ဟု IEC အတွင်းရေးမှူးဦးဗညားက လူထုနွေဦးသို့ ပြောကြားသည်။

လွိုင်​ကော်မြို့ယဥ်​ကျေးမှုပြတိုက်ရှိ ဖားစည် (ဓါတ်ပုံ- KTimes ၊ CJ /File Photo)

သမိုင်းအစဥ်အဆက်အရကရင်နီနယ်များကို အုပ်ချုပ်ခဲ့ကြသော စော်ဘွားများနှင့် ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြသည့် ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်းများ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများနှင့် ကရင်နီပြည် ပြည်သူပြည်သားများအားလုံးတွင် အပြည့်အဝ တာဝန်ရှိကြောင်း လည်း IEC က ​ဖော်ပြထားသည်။

လွိုင်​ကော်မြို့ယဥ်​ကျေးမှုပြတိုက်ရှိ ရွှေ​မောင်း ၊​ ငွေ​မောင်း (ဓာတ်ပုံ- KTimes ၊ CJ /File Photo

“ပြတိုက်က နောင်ယားရပ်ကွက်ထဲမှာရှိတာ။ပထမတော့ ရိုးရာ ပစ္စည်းတွေ ခိုးခံလိုက်ရပြီးပဲသိတာ။ အခုလိုတာဝန်ရှိတဲ့သူတွေ ထိန်းသိမ်းထားတာ ဆိုတော့ အဆင်ပြေပါတယ်”ဟု လွိုင်ကော်မြိုခံတစ်ဦးက ပြောသည်။

ဇွန်လ ဆန်းမှစ၍ စစ်ကောင်စီက လွိုင်ကော် မြို့၌ ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ရယူရန် စစ်ကြောင်းလေးခုထက်မနည်းအသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ​​ပြောသည်။

စစ်ကောင်စီအတွက် ဝါဒဖြန့်သူများက လွိုင်ကော်မြို့တွင် ပြန်လာနေထိုင်ရန် ဒေသခံစစ်ဘေးရှောင်များကို တိုက်တွန်းနေသော်လည်း ကရင်နီတပ်ပေါင်းစုဘက်ကမူ စစ်ရေးသတင်းများ နားစွင့်ရန်သာ အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook