Connect with us

Hi, what are you looking for?

သတင်း

ခြောက်လတစ်ကြိမ်​ပေါ်လာ​လေ့ရှိ​သောဦးမြင့်ဆွေ ကျန်းမာရေးမ​ကောင်းဘဲအစားမစားနိုင်သေးဟုစစ်​ကောင်စီထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်မလာသေးဘဲ အစားအသောက်စားနိုင်ခြင်းပင်မရှိသေးကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)ထုတ်ပြန်သည်။

စစ်​ကောင်စီ ၏ယာယီသမ္မတ ဦးမြင့်​ဆွေ။ ဓါတ်ပုံ-Getty Images

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်မလာသေးဘဲ အစားအသောက်စားနိုင်ခြင်းပင်မရှိသေးကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)ထုတ်ပြန်သည်။

ဦးမြင့်​ဆွေသည် အာဏာသိမ်းစစ်​ကောင်စီလက်​ထက်တွင် ၆ လတစ်ကြိမ် စစ်​ကောင်စီမီဒီယာများမှတစ်ဆင့် လူမြင်ကွင်း​ထွက်ပေါ်လာ​လေ့ရှိသည်။စစ်ကောင်စီက ၎င်း၏ ၆လတကြိမ်သက်တမ်းတိုးနေမှု ရက်နီးကပ်လာချိန်တွင် ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပြီး အသက် ၇၃ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေသည် ၂၀၂၃ နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရကြောင်း စစ်ကောင်စီက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ၎င်း၏ အရေးပေါ်ကာလ(၆လ)သက်တမ်းတိုးမြှင့်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူကျင်းပရပြီး ယင်းအစည်းအဝေးကို ဦးမြင့်ဆွေက ဦးဆောင်ကျင်းပခဲ့သည်။

စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်အရ ယခုလကုန်ခေါ်ယူကျင်းပမည့် ကာလုံအစည်းအဝေးတွင် ရုပ်သေးယာယီသမ္မတဦးမြင့်ဆွေ တက်ရောက်နိုင်မည်မဟုတ်ဘဲ ယင်းအတွက် စစ်ကောင်စီက အကြောင်းပြရန် ကြိုတင်ပြင်ဆင်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

“ခုကျတော့ သူ့ကိုပေးထားတဲ့သူက ဆုံးဖြတ်ချက်အသစ်မပေးနိုင်တော့တဲ့အနေအထား။ သူဘာလုပ်လုပ် ခြေဥအရ ဥပဒေ အရ မဟုတ်တော့ဘူးဆိုတဲ့အခြေအနေကို ပိုပြီးရောက်လာတာ။ ကံတရားကိုယ်တိုင်က သူ့ဘက်မှာ မရှိတော့တာ။ ဗြောင်ပဲ ထင်ရာလုပ်ပြရတော့မှာ။ အခုလို ကြိုပြောတာ ဒီလကုန်သက်တမ်းတိုးအတွက်ကြိုပြီး အကြောင်းပြချက်ပေးထားတာ” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူက ပြောသည်။

မကြာသေးမီက တရုတ်နိုင်ငံသို့ ပြည်ခိုင်ဖြိုးသမ္မတဟောင်း ဦးသိန်းစိန်နှင့် ဒု-စစ်ခေါင်းဆောင်စိုးဝင်းတို့ သွားရောက်ပြီးနောက် ယခုလကုန်သက်တမ်းတိုးမှုတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြီးကြီးမားမားအပြောင်းအလဲ ပြုလုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းသတင်းစကားပါးထားကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြီးမားသည့်အပြောင်းအလဲလုပ်ဆောင်မည်မဟုတ်၍ နေပြည်တော်နိုင်ငံရေးမှာ ထူးခြားပြောင်းလဲလာဖွယ်မရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။