Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ရှောင်ပြည်သူများရှိရာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ယမန်နေ့ညပိုင်းနှင့် ယနေ့(ဇူလိုင်၁၉) နံနက် တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးသည်။

မင်းတပ်နယ်အတွင်း လေကြောင်း တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လေယာဉ်တစ်စီးကို မေလက တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ယမန်နေ့ညပိုင်းနှင့် ယနေ့(ဇူလိုင်၁၉) နံနက် တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးသည်။

မင်းတပ်မြို့အနောက်ဘက် တစ်နေရာကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၉ရက်) နံနက် အစောတွင် တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးများနှင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ညကလည်း Y12လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဟု မင်းတပ်ဒေသသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ခဲသည့် ဒေသများတွင် ဘေးလွတ်ရာသို့ထွက်ပြေးပုန်းရှောင်ရင်း ဒုက္ခရောက် နေသော ပြည်သူများစွာရှိနေ ကြောင်း ဒေသခံက အသိပေးထားပြီးလူထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

လေကြောင်း တိုက်ခိုက်ခြင်းမပြုမီ ဇူလိုင် ၁၈ရက် ညပိုင်းကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် မင်းတပ်အနောက်ခြမ်း၊ မြို့အရှေ့ဘက်ခြမ်း များသို့ ၁၀ကြိမ်ခန့်ပစ်ခ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ထိခိုက်ပျက်ဆီးမှုများရှိသည်ဟု ကြားသိရကြောင်း ဒေသသတင်းရင်းမြစ်က ပြောကြားပြီးအသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်လိမ့်မည်ဟု ဖော်ပြထားသည်။

ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းတပ် CDF၊ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)တို့က တစုံတရာ ထုတ်ပြန်မှု မပြုသေးပေ။

စစ်ကောင်စီသည် ဇူလိုင် ၁၇ရက် ညသန်းခေါင်ကလည်း မင်းတပ်မြို့ အနောက်ဘက် တိုက်နယ် (၁၂)နေရာသို့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးပြီး ပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသေးဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။