Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ ၇ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ချောင်းကြီးကျေးရွာတွင် ဇွန်လကုန်ပိုင်းက စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၈ရက်)က သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တော်တော်များများ ရွှေ့ကြတယ်။ တချို့တွေက မထွက်ကြတာ။ အဲဒီထဲကလူတွေအပစ်ခံရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသည့် ဒေသခံပြည်သူ ၇ဦး၏ အသေးစိတ်အချက်အလက်များအား လူထုနွေဦးက ဆက်လက် စုံစမ်းနေသည်။

ယခုရက်ပိုင်းအတွင်း ချောင်းကြီး၌ ပစ်ခတ်သံအချို့လည်း ကြားရကြောင်း နယ်ခံအချို့က ဆိုသည်။

ချောင်းကြီးကျေးရွာ၌ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားပြီး ဇွန်လကုန်ပိုင်းတွင် PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထိုအချိန်က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ကူများကြောင့် ၃ရက်အတွင်း ချောင်းကြီးရွာနေ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်​​ကောင်စီတပ်၏ ​လေ​ကြောင်းတိုက်ခိုက်မှုအချက်အလက်များကို စု​ဆောင်းထုတ်ပြန်​ပေး​နေ​သော ဥာဏ်လင်းသစ် သု​တေသနအဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရက်ပေါင်း ၁၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်​ပေါင်း (၈၁၉) ကြိမ်ရှိခဲ့ပြီး ပြည်သူ ၃၅၉ ဦး​သေဆုံးကာ ၇၅၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ထုတ်ပြန်ခဲ့သည်။ထို​ကြောင့် စစ်အုပ်စုသည် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု အကြိမ်​ရေ ပျမ်းမျှအနည်းဆုံး၆ ကြိမ်ပြုလုပ်​နေခြင်းဖြစ်ပြီး တစ်ရက်လျင် ပြည်သူ ၃ ​ယောက်ခန့်ကို ဗုံးကြဲသတ်ဖြတ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။