Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၈ဦးသေ၊ ၈ဦးဒဏ်ရာရဟု MNDAA အသိပေး

အာဏာသိမ်းစစ်တပ်က သိန္နီမြို့ လူနေရပ်ကွက် များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့မဈေး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်တပ်က သိန္နီမြို့ လူနေရပ်ကွက် များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် ညနေ ၄နာရီခွဲတွင် စစ်ကောင်စီက သိန္နီမြို့၏လမ်းများနှင့် နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများအနက် ၅ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး ၃ဦး ထိခိုက်မှုအနည်းငယ်ရရှိခဲ့ကြောင်း အသိပေးသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူများကို မဟာမိတ်တပ်များ နောက်တန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ယမန်နေ့ညပိုင်းကလည်း လားရှိုးမြို့ အပြင် (၁၃)မိုင်နေရာကို လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ယနေ့ (ဇူလိုင် ၁၉ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်မှ ဗုံးကြဲလေယာဉ်များသည် သိန္နီခရိုင်အတွင်းရှိ ကြယ်ဝှဒေသသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် သိန္နီမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လာလျက်ရှိသည်။

လားရှိုးမြို့ကို MNDAAနှင့် မဟာမိတ်တပ်များက တိုက်ခိုက်ပြီးနောက်ပိုင်း သိန္နီနှင့် လောက်ကိုင် မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ယခုရက်ပိုင်းများအတွင်း ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

Facebook