Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၈ဦးသေ၊ ၈ဦးဒဏ်ရာရဟု MNDAA အသိပေး

အာဏာသိမ်းစစ်တပ်က သိန္နီမြို့ လူနေရပ်ကွက် များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့မဈေး ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်တပ်က သိန္နီမြို့ လူနေရပ်ကွက် များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် ညနေ ၄နာရီခွဲတွင် စစ်ကောင်စီက သိန္နီမြို့၏လမ်းများနှင့် နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများအနက် ၅ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး ၃ဦး ထိခိုက်မှုအနည်းငယ်ရရှိခဲ့ကြောင်း အသိပေးသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူများကို မဟာမိတ်တပ်များ နောက်တန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ယမန်နေ့ညပိုင်းကလည်း လားရှိုးမြို့ အပြင် (၁၃)မိုင်နေရာကို လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ယနေ့ (ဇူလိုင် ၁၉ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်မှ ဗုံးကြဲလေယာဉ်များသည် သိန္နီခရိုင်အတွင်းရှိ ကြယ်ဝှဒေသသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် သိန္နီမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လာလျက်ရှိသည်။

လားရှိုးမြို့ကို MNDAAနှင့် မဟာမိတ်တပ်များက တိုက်ခိုက်ပြီးနောက်ပိုင်း သိန္နီနှင့် လောက်ကိုင် မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ယခုရက်ပိုင်းများအတွင်း ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ဖမ်းဆီးထားသည့်လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာမှ ရွာလူကြီးဦးဆိုင်ကြာ ပြန်လည်လွတ်မြောက်လာပြီဟုသတင်းရရှိသည်။

သတင်း

လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP နှစ်ဘက်အင်အားဖြည့်တင်းနေသည့် ဟန်နားကျေးရွာမှ ရွာလူကြီးကို MNDAAက ဖမ်းဆီးသွား၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုသည်။

သတင်း

■ MNDAAနှင့် TNLA ထိန်းချုပ်ဒေသများကိုလေကြောင်းကင်းထောက်နေ ယောနသံ/People’s Spring လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှ အင်အားပို့နေသလို MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို လေကြောင်းမှကင်းထောက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံအချို့က​ပြောသည်။ လားရှိုးမြို့သို့ ဇွန်လ ၄ရက်က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA...

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။