Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာတာဝါတိုင်စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ

ထီးချိုင့် နှင့် သပိတ်ကျင်းမြို့ကြား တကောင်းမြို့၊ အင်းနက်ကျေရွာရှိ စစ်‌ကောင်စီတပ်၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မိထက်/People’s Spring

“KIA ဦးဆောင်ပြီးတိုက်တာ။ စခန်းကုန်းကိုရပါပြီ။ စစ်ရေးအရှိန်က ဆက်မြှင့်သွားဖို့ရှိတယ်လို့ သိရတယ်” ဟု KIAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

သပိတ်ကျင်းမြို့နယ် ၊အင်းနက်ကျေရွာဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ယမန်နေ့(ဇူလိုင်လ ၂၀ရက်) နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သတင်းရရှိသည်။ စစ်ကောင်စီကလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများသည်ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိူင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကြီးမြို့ကြား၌တည်ရှိသည်။ အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး တည်ရှိသည်။

KIA၊PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီကိုတိုက်ခိုက်နေသည့်ရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်၌ ပျံ့နှံ့နေပြီး တိုက်ပွဲပြင်းထန်နေသည်ကိုတွေ့ရသည်။ အဆိုပါရုပ်သံမှတ်တမ်းသည် အင်းနက်ကျေရွာဆက်သွယ်ရေးတာဝါတိုင်စခန်းသိမ်းတိုက်ပွဲရုပ်သံဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ သို့ သော်People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထီးချိုင့်၊ တကောင်း၊ သပိတ်ကျင်းမြို့များသည် ဇူလိုင်လ ၁၇ရက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ထားသည့် စဥ့်ကူးမြို့နှင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ထိစပ်နေသည်။

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲသည့် မတ်လက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်း ၁၄ လောင်း၊ လက်နက်ငယ် ၁၈ လက်နှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး