Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ဦးအား မိုးကုတ်ဗျူဟာ ဖမ်းမိ

စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အခြားအဆင့်များ၊ တပ်သားများနှင့် ပျူစောထီးများ စုစုပေါင်း ၂၈ဦးအား မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ဖမ်းဆီးရမိခဲ့သည်။

ဇေအောင်/People’s Spring

ဇူလိုင် ၁၈ရက်က စစ်ကောင်စီဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးတို့မှ စခန်းမှူး နှစ်ဦး၊ ရေတော်ပျူခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်း စသည့် ပျူခေါင်းဆောင်များနှင့် ပျူစောထီးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသူများမှာ ခမရ(၇၀၃)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို ၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ(၇၀၈)တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ (၇၀၈)မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ(၉၃)မှ ဗိုလ်ကြီး အေးကို၊ ခမရ (၇၀၈)၏တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး ၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူးရွှေသိမ်းမောင် တို့ဖြစ်သည်။

၎င်းတို့သည် ဧရာဝတီမြစ်ကိုဖြတ်ထွက်ပြေးလာစဥ် ဖမ်း​ဆီးရမိခြင်းဖြစ်ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း၏ တပ်ရင်းမှူးက ပြောသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို ဇူလိုင် ၁၉ရက်တွင် မန္တလေး PDFထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂တပ်ရင်း က အသိပေးသည်။

တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းရန် အမှတ်-၁၂၂၂တပ်ရင်းက တိုက်တွန်းထားသည်။

စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအားဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့ (ဇူလိုင်၂၀ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။