Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်အား ပြည်သူများရှေ့၌ စစ်ဆေး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသော ပျူစောထီး ခေါင်းဆောင် ရေတော်မောင်နိုင်အား မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းက ပြည်သူများရှေ့မှောက်၌ စစ်ဆေး‌ခဲ့သည်။

ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်အား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသော ပျူစောထီး ခေါင်းဆောင် ရေတော်မောင်နိုင်အား မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းက ပြည်သူများရှေ့မှောက်၌ စစ်ဆေး‌ခဲ့သည်။

ဇူလိုင် ၁၈ရက်က စစ်ကောင်စီ​၏ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးမြို့နယ်မှ စခန်းမှူး နှစ်ဦး၊ ရေတော်ပျူခေါင်းဆောင် မောင်နိုင် ၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်း စသည့် ပျူခေါင်းဆောင်များနှင့် ပျူစောထီးများ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက အသိပေးသည်။

၎င်းတို့အနက် ပျူခေါင်းဆောင် မောင်နိုင်ကိုမူ ပြည်သူများရှေ့ထုတ်ကာ (၁၂၂၂)တပ်ရင်းမှ တပ်ရင်းမှူး ၊တပ်ရေးဗိုလ်၊စစ်ကြောင်းမှူး ၊ စခန်းမှူး ၊ IOတို့မှ စစ်ဆေးခဲ့ကြောင်း အမှတ် (၁၂၂၂)တပ်ရင်း၏ တာဝန်ရှိသူများက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ပြည်သူတွေကို အများကြီးနှိပ်စက်ခဲ့တာ။ အဲဒီနယ်တကြောမကဘူး။ တော်တော်များတယ်။ ရွာပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာ။ မုဒိမ်းကျင့်တာတွေကောပါတယ်။ မိသားစုကို သုံးလောင်းပြိုင်တူသတ်တာမျိုးတွေလုပ်တယ်။ ဒီဘက်တကြောကရွာသားတွေက သူ့ကိုဖမ်းထားတာ မကြိုက်ဘူး။ ထုတ်ပေးပါလို့ပြောတဲ့အခါမှာ သူ့ရဲ့အမှုအခင်းတွေလည်းသိရအောင် ပြည်သူလူထုပြောတာတွေလ​ည်း သိရအောင် ပြည်သူတွေရှေ့စစ်ဆေးတာ။”ဟု မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့စစ်ဆင်ရေးနှင့် မဟာမိတ်ဆက်ဆံရေးတွဲဖက် တာဝန်ခံ ကိုဝေမိုးကျော်က ပြောသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို ဇူလိုင် ၁၉ရက်တွင် မန္တလေး PDFထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်း က အသိပေးသည်။

ထို့အပြင် တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သားများ လက်နက်ချ အလင်းဝင်ပူးပေါင်းကြရန် အမှတ်(၁၂၂၂)တပ်ရင်းက တိုက်တွန်းထားသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းများအား ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇူလိုင်၂၀ရက်တွင် သတင်းထုတ်ပြန်သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။