Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၂)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၂)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မြောက်ခြမ်းသပိတ်အင်အားစုက ဦးဆောင်ကာ စုန်းချောင်းရွာမှ ဒေသခံပြည်သူ ၁၄ဦး သတ်ဖြတ်ခံရခြင်း (၁)နှစ်ပြည့်အဖြစ် “အဆုံးသတ်တိုက်ပွဲကို အာဇာနည် သွေးတွေနဲ့ရေးထိုးကြ” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုရဲဘော်တွေက လူထုသပိတ်တိုက်ပွဲ ပြန်လည်အားကောင်းရေးအတွက် အသိပညာပေး တော်လှန်ရုပ်ရှင် တင်ဆက်ပြသပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လှုံဆော်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း DDMSC သပိတ်အင်အားစုက လူငယ်တွေ ဦးဆောင်ပြီး စစ်ကောင်စီလက်အောက်မှာ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းတဲ့အနေနဲ့ “ဖက်စစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ခေါင်းစဥ်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်း လက်ရှိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိက တိုက်တွန်းလိုတဲ့အတွက် အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယာယီတပ်စခန်းချထားရာနေရာအနီးမှာ သွားရောက်လှုပ်ရှားခဲ့ကြောင်း DDMSCက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook