Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုနောက်ပိုင်း တိုက်ခိုက်မှု၊ ဖျက်ဆီးမှုတွေ ကြုံခဲ့တဲ့ ကျောင်းနဲ့ တက္ကသိုလ် ၁၇၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

Centre for Information Resilience (CIR)ရဲ့ စစ်တမ်းအရ သုံးနှစ်ကျော် ကြာမြင့်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျောင်းတွေနဲ့ တက္ကသိုလ်တွေ တိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ပညာရေးဆိုင်ရာ အဆောက်အအုံတွေ ကြားညပ်တဲ့ အခြေအနေက ဆိုးသထက် ဆိုးလာနေတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

အခု စာရင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ကာလအပိုင်းအခြားကိုပဲ အခြေခံ ကောက်ယူထားတာ ဖြစ်ပါတယ်။ ကျောင်းနဲ့ တက္ကသိုလ်တွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေပြင်ထိုးစစ်၊ မီးရှို့မှု စတာတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း ကျောင်းတွေရဲ့ အပျက်အစီးတွေနဲ့ မီးလောင်ပြင် မြင်ကွင်း ဓာတ်ပုံတွေ ပျံ့နှံ့နေတာမျိုး မကြာခဏ ကြုံခဲ့ရပါတယ်။

CIRနဲ့ ပူးပေါင်း လေ့လာခဲ့တဲ့ Myanmar Witness မှတ်တမ်းတွေမှာတော့ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေ တိုက်ခိုက် ခံရမှုတွေအတွင်း သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ခက်ခဲပြီး အန္တရာယ် များလွန်းတဲ့ အခြေအနေတွေကြောင့် ထိခိုက်သေဆုံးမှု စာရင်းတွေကို ထဲထဲဝင်ဝင် အတည်ပြုဖို့ မလွယ်ဘဲ မျက်မြင်တွေနဲ့ ကိုယ်တွေ့ကြုံသူတွေရဲ့ အဆိုတွေကိုသာ အဓိက ကိုးကားခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပညာရေးဌာနနဲ့ အဆောက်အအုံတွေ တိုက်ခိုက်ခံရမှု အများစုဟာ လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ ဖြစ်တာကြောင့် အဲဒီ ဆိုးရွားတဲ့ လုပ်ရပ်တွေမှာ အဓိက လက်သည်ဟာ အာဏာသိမ်းစစ်တပ် ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

Myanmar Witnessရဲ့ ပရောဂျက် ဒါရိုက်တာ မတ်လောရင့်စ်က မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေဟာ အရပ်သား ပြည်သူတွေအတွက် ကြီးစွာသော ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့သလို ကျောင်းသား လူငယ်တွေရဲ့ ပညာသင်ယူခွင့်တွေလည်း ဆုံးရှုံးနေရတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကျောင်းတွေ အများဆုံး တိုက်ခိုက်ခံရတာဟာ စစ်ကိုင်းတိုင်းထဲမှာဖြစ်ပြီး ဖြစ်စဉ်အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို ကြုံတွေ့ခဲ့ရပါတယ်။

Myanmar Witnessရဲ့ သုတေသန လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးနေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ ကျောင်းတွေဆိုတာ လုံခြုံမှုနဲ့ ဘဝ အခွင့်အလမ်းတွေကို ထောက်ပံ့ပေးတဲ့ နေရာတွေသာ ဖြစ်သင့်ပြီး စစ်ရေး ပဋိပက္ခတွေရဲ့ ဘေးသင့်နယ်မြေတွေ မဖြစ်သင့်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။