Connect with us

Hi, what are you looking for?

သတင်း

စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့

“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet informational Network

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် နံနက်က မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့အချို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့​သည်။

Public Service Announcement

Public Service Announcement

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet informational Network

ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မင်းကွန်းရွာနှင့် ရှားစောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

ထို့အပြင် မြသိန်းတန်ဘုရားအနီးရှိ ဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet informational Network

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် တည်ရှိပြီး မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာရှိသည့် ဒေသတစ်ခုဖြစ်သည်။

(မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet ingormational Network)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။