Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား ထိခိုက်သေဆုံး

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - AA

မိထက်/People’s Spring

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးနှင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာအတွင်းကျရောက်ပေါက်ကွဲရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

“အတွဲလိုက်ဒုံးတွေ ဖြစ်မယ်။ ၁၄လုံးတောင် ပစ်တာပါ။ ဒေသခံတွေ ထိကုန်တာပါ”ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည်များသည် နေအိမ်များအနီးကျရောက်ပေါက်ကွဲပြီး မိသားစုတစ်စုတည်းမှ အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ခြင်းဟု သတင်းရရှိသည်။

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် ဦးတည်တိုက်ခိုက်ခြင်းသည် အလွန်ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းသဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချပါသည်ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်းကို ပြီးခဲ့သည့် မတ်လ ၄ရက်တွင် သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီနှင့် AAသည် လတ်တလောတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့နှင့် မြောက်ပိုင်းရှိ မောင်တောမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး AAက စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်သည်။

(ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AAသိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – AA)

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး​တော့၊ ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ အလောင်းဖျောက်ခံခဲ့ရတဲ့အမှုအတွက် ဖမ်းဆီးထားတဲ့ သုံးယောက်လုံးက ဝန်ခံထားပြီး ဥပဒေရုံးရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးရုံးတင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။