Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ နေအိမ်များမီးလောင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ နိုဝင်ဘာအတွင်းက ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ကောင်စီဂိတ်စခန်းအား ချောင်းဦးပကဖက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - ချောင်းဦး ပကဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် နံနက်က ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ကံကြီးကုန်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ရန်သူ့နယ်မြေဘက်ကို တက်နိုင်သမျှကပ်ပြီး မိုင်းထောင်တာတို့ ကင်းတိုးတာတို့ လုပ်နေတဲ့အချိန်မှာ ရန်သူ့ကာကင်းနဲ့တွေ့ပြီးတော့ ရှင်းလင်းခဲ့တာ။ ထိခိုက်သေဆုံးတာတွေက ရဲဘော်တွေမျက်မြင်ပါ။ ဒါ့ထက်ပိုနိုင်ပါတယ်။”ဟု ချောင်းဦးပကဖ၏ သတင်းတာဝန်ခံက ပြောသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi -35 ရဟတ်ယာဥ်သည် တိုက်ပွဲဖြစ်သည့် ကံကြီးကုန်းကျေးရွာနှင့် (၁)မိုင်ခန့်ဝေးသည့် ရွှေလှေကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး လူနေအိမ် လေးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ချောင်းဦးပကဖသည် ဇူလိုင် ၁၉ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ နတ်ရေကန်ရွာစစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။