Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ၍ စလင်းမြို့နယ်ပြည်သူများ ကတုတ်ကျင်းများတူးထားကြရန် PDF တိုက်တွန်း

စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၃ ရက်ကစတင်ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လွတ်မြောက်နယ်မြေရှိ စာသင် ကျောင်းများတွင် ဗုံးခိုကျင်းများတူး၍ ကြိုတင်ပြင်ဆင် နေကြရသည်။ဓါတ်ပုံ-NUG

စောနွေဦး/People’s Spring

စလင်းမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ကတုတ်ကျင်းများ ကြိုတင်တူးထားကြရန် စလင်းမြို့နယ်အခြေစိုက် မင်းဘူးခရိုင်တပ်ရင်းနှစ်ခုက ယနေ့ သတိပေးထုတ်ပြန်သည်။

စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၃ ရက်ကစတင်ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အနည်းဒေသခံပြည်သူ လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၂ ဦးထက်မနည်းရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း၊ စစ်ရေးပဋိပက္ခများ စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများ စစ်ရေးအမြင်ရှိကြရန် စလင်းအခြေစိုက် မင်းဘူးခရိုင်တပ်ရင်း (၁)နှင့် တပ်ရင်း (၅)တို့က ထုတ်ပြန်ထားသည်။

“၂၃ရက်ကတည်းက လေကြောင်းက ဗုံးကြဲနေတာ မနေ့ကရောကြဲတယ်။ ဒီနေ့ကော ခေါင်းကူးရွာနဲ့ကျွန်းတဲရွာကိုလေကြောင်းက ဗုံးကြဲသွားတယ်”ဟု စလင်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂၄ ရက်ညနေပိုင်းတွင် တညှောင့်တင်ရွာ၊ ကံကုန်းရွာ၊ ဝန်ရရွာနှင့် ဆွဲလည်ကျေးရွာ စသည့်ကျေးရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၄ ရက် နေ့လယ်ပိုင်းတွင် ငါးလှိုင်တွင်းရွာအနီး ရေနံမှော်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင် ၂၃ ရက်တွင်လည်း ငါးလှိုင်တွင်းရွာနှင့်ကူရွင်းကျောက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook