Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် MNDAA၏ အုပ်ချုပ်ရေးစတင်ဟုကြေညာ

MNDAA က လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကိုမြို့ပြင်သို့မောင်းထုတ်ပြီး မြို့တွင်း၌ ခိုအောင်းနေသောစစ်သားများချေမှုန်းနေဟုထုတ်ပြန်

လားရှိုးမြို့ပေါ် ဇူလိုင် ၂၅ရက်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Nay Myo/fb

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်များကို မြို့ပြင်သို့ မောင်းထုတ်လိုက်ပြီး ၊မြို့တွင်း၌ခိုအောင်းနေသောစစ်သားများကိုလိုက်လံ ချေ မှုန်းလျက်ရှိကြောင်း MNDAA၏ စစ်ရေးကော်မတီကထုတ်ပြန်သည်။

ထိုအပြင် လားရှိုးမြို့သည် ယခုအခါလုံးဝ လွတ်မြောက်သွားပြီ ဖြစ်ပြီး လားရှိုးမြို့၏အုပ်ချုပ်ရေးယန္တရားများကို ပြည်ထောင် စုမြန်မာ နိုင်ငံ အထူးဒေသ (၁)အုပ်ချုပ်ရေးကော်မတီကလည်းကောင်း ၊ မြို့လုံ ခြုံရေးကို အထူးဒေသ (၁)ရဲ တပ်ဖွဲ့မှလည်းကောင်း ၊မြို့နယ်ကာကွယ်ရေးကို MNDAA ကလည်းကောင်းဆက်ခံလိုက်ကြောင်းထို စစ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၂၆)ထုတ်ပြန်သည်။

အချက် ၉ ချက်ပါသော ကြေညာချက်တွင် ဇူလိုင် ၂၅ ရက်စွဲ ဖြင့်ထုတ်ထားပြီး MNDAA ကယနေ့ ၎င်းတို့၏ ဖေစ်ဘွခ်စာမျက်နှာမှ တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။