Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် တစ်ပတ်ကြာလေကြောင်းတိုက်ခိုက်မှု အဆောက်အဦး ၅၀ကျော် ပျက်စီး၊ လူထိခိုက်သေဆုံးမှုလည်းရှိ

သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီတပ်က Y-12 ဗုံးကျဲလေယာဉ်ဖြင့်(၂၆)ကြိမ်၊ Mi-35 ဖြင့်(၁၄)ကြိမ်၊ Jet Fighter ဖြင့် (၁၁)ကြိမ်ဗုံးကြဲမှုများ လုပ်‌ဆောင်ခဲ့ကြောင်း သပိတ်ကျင်းနယ်အခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၆ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ချောင်းကြီးကျေးရွာ၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ- - ဗိုလ်လင်းယုန်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက တစ်ပတ်ကြာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအပါအဝင် အဆောက်အဦး ၅၀ကျော် ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီတပ်က Y-12 ဗုံးကျဲလေယာဉ်ဖြင့်(၂၆)ကြိမ်၊ Mi-35 ဖြင့်(၁၄)ကြိမ်၊ Jet Fighter ဖြင့် (၁၁)ကြိမ်ဗုံးကြဲမှုများ လုပ်‌ဆောင်ခဲ့ကြောင်း သပိတ်ကျင်းနယ်အခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၆ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းကြီးကျေးရွာအတွင်းရှိ နေအိမ် ၄၈လုံးနှင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများပါ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးသည်။

ဇူလိုင် ၁၈ ရက်ကလည်း ချောင်းကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ ပြည်သူ ခုနစ်ဦးသေဆုံးခဲ့သည်။ အခြားရက်များတွင်လည်း လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသူအရေအတွက်ပိုတိုးနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ချောင်းကြီးက လူတွေကအကုန်ရှောင်နေကြပြီ။ ဘယ်သူမှ မရှိတော့ဘူး။အိမ်စောင့်ကျန်နေတဲ့သူတွေထိတာ။”ဟု ချောင်းကြီးဒေသခံတစ်ဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီး ဇူလိုင် ၂၅ ရက်က တွင်းငယ် ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နှင့် ABSDF ကျောင်းသားတပ်ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိထားသည်။

အလားတူ ချောင်းကြီးစခန်းသည်လည်း မိုးကုတ်-မန္တလေးလမ်းပိုင်း၌ ကျန်ရှိနေသော တပ်စခန်းဖြစ်၍ သိမ်းပိုက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေသည်။

ချောင်းကြီးစခန်းကို ဇွန်လကုန်ပိုင်းတွင်လည်း PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ထိုအချိန်က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ကူများကြောင့် ၃ ရက်အတွင်း ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(ချောင်းကြီးကျေးရွာ၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ- – ဗိုလ်လင်းယုန်)

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

Facebook