Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် တိုက်ပွဲဖြစ်၊ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း ဖြတ်တောက်ထားဟု PLAပြော

စစ်ဆင်ရေးစတင်သည့် ဇွန်လ၂၅ရက်မှ ဇူလိုင်၂၇ရက်အထိ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်းကို အောင်မြင်စွာ ဖြတ်တောက်ထားကြောင်း PLAက ဆိုသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PLA

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ မိုးကုတ် – မန္တလေးလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး မိုးကုတ် – သပိတ်ကျင်း လမ်းပန်းဆက်သွယ်မှုအား အောင်မြင်စွာ ဖြတ်တောက်ထားနိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်​မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် PLAက ဖြတ်တောက်ရေးတာဝန်ယူထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ ခလရ(၁၄၈)အနီး မိုးကုတ် – မန္တလေး ကားလမ်းမပေါ်တွင် PLAအမှတ်(၂)စစ်ဒေသရှိ (၂၂၂)တပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးစတင်သည့် ဇွန်လ၂၅ရက်မှ ဇူလိုင်၂၇ရက်အထိ မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်းကို အောင်မြင်စွာ ဖြတ်တောက်ထားကြောင်း PLAက ဆိုသည်။

“ဖြတ်တောက်ရေးကို အောင်အောင်မြင်မြင်လုပ်နိုင်တော့ စကစ စစ်ကူတွေ မိုးကုတ်ဘက်ကိုရောက်မလာနိုင်အောင် တားဆီးနိုင်ခဲ့တာတွေရှိပါတယ်။ ခလရ ၁၄၈ ကို ထိန်းထားနိုင်တော့ မဟာမိတ်တပ်တွေ မိုးကုတ်ကို သိမ်းတဲ့အခါမှာ အထောက်အကူဖြစ်စေပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတွေကို အသေးစိတ်မသိရသေးပါဘူး။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ​​သုံး၍ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့​​​ကြောင်း PLAက ထုတ်ပြန်သည်။

မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်တပ်ပေါင်းစုများ အောင်မြင်စွာသိမ်းပိုက်နိုင်​ရန် ကျရာနေရာမှ ပူးပေါင်းတိုက်ပွဲဝင်နေပြီး တိုက်ပွဲများ ဆက်ရှိနေကြောင်း PLAက အသိပေးထားသည်။

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းများအား PDFများက သိမ်းပိုက်ထားသည်။

မိုးကုတ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၄ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတစ်ခု ဖြစ်လာသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။