Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ခလရ(၂၅၈)တပ်ရင်းဂိတ်ကို PDFများ ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့၊ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေစကြိုပကဖမှ ရဲဘော်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကာင်စီ၏ အမှတ်(အမှတ် ၂၅၈)ခြေလျင်တပ်ရင်း၏ စစ်ဆေးရေးဂိတ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့၊ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ပကဖရဲဘော်များက ဆိုသည်။

“ကျွန်တော်တို့ အနီးကပ် မီတာ ၁၀၀လောက်အထိ ကပ်ပစ်ခဲ့တာပါ။ အဲဒီဂိတ်က ရှစ်ယောက် ကိုးယောက်လောက်ရှိတယ်။ ဒီကနေ့စုံစမ်းသိရတာကတော့ တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါဂိတ်ကို ရေစကြို – ပခုက္ကူ ကူးသန်းသွားလာနေသည့်ယာဥ်များက တစ်ကြိမ်ဖြတ်တိုင်း ဖြတ်သန်းခပေးရလေ့ရှိကြောင်း ဒေသခံများက ပြောပြသည်။

ဇူလိုင် ၉ ရက်ကလည်း ရေစကြိုမြို့နယ် ခလရ (၂၅၈)နှင့် လင်းကတော နယ်မြေရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။