Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁ အာဏာသိမ်းကာလအစောပိုင်းက ရေစကြိုမြို့တွင် အေးချမ်းစွာ ဆန္ဒပြနေသည့်ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်လိုက်လံဖြိုခွင်းခဲ့စဥ်။ ဓာတ်ပုံ - CJ

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၅ရက်က ရေစကြိုမြို့ပြည်သူ့ဆေးရုံရှေ့တွင် ဆိုင်ကယ်စီးကာ ဖြတ်သန်းလာသော အမှတ်(၈)၊ ဇေယျဝတီရပ်နေ အသက် (၂၃) နှစ်အရွယ် ကိုကုလားလေးဆိုသူအား ဦးထုပ်မဆောင်းဟုဆိုကာ ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ ကုလားလေးဆိုသူမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)က ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးရိုက်နှက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“အများအားဖြင့်တော့ ပိုက်ဆံ ၂သောင်း ၃သောင်းတောင်းတာ။ ရိုက်တာနှက်တာက တော့ သုံးလေးကြိမ်ရှိတယ်။”ဟု Info Committee Yesagyo၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူကုလားလေးမှာ အိမ်ထောင်သည် ဖြစ်ပြီး ဇနီးသည်နှင့် ကလေး (၂) ဦးကျန်ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၈ရက်ကလည်း အမှတ် (၁)ထင်းတန်းရပ်တွင် မိခင်အားလာရောက်ဖမ်း​ဆီးချိန် မတွေ့၍ သားဖြစ်သူ အသက် (၁၅) နှစ်အရွယ် မောင်ဝဏ္ဏကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ရက်အကြာတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကာ အလောင်းကို အိမ်ပြန်ပို့ပေးခဲ့​သေးသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးနှိိပ်စက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook