Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေး ကာကွယ်စောင့်ရှောက်မည်ဟု ရှမ်းတပ် RCSS ဆို

RCSS ၏ (၆)လပတ်အစည်းအဝေးကို ဇူလိုင် ၂၆ရက်မှ ၂၈ရက်အထိ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး ကြေညာချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းကာကွယ် စောင့်ရှောက်သွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က ထုတ်ပြန်သည်။

RCSS ၏ (၆)လပတ်အစည်းအဝေးကို ဇူလိုင် ၂၆ရက်မှ ၂၈ရက်အထိ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး ကြေညာချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်သူလူထုတို့သည် အိုးအိမ်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများတို့သည်လည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းအပေါ် စိတ်မကောင်းဖြစ်ရဟုလည်း ထုတ်ပြန်သည်။

စစ်တပ် အာဏာသိမ်ပြီးနောက်သုံးနှစ်ကျော် ကာလအတွင်း အကျိုးဆက်အားဖြင့်တိုင်းပြည်အနှံ့ တိုက်ပွဲများစဉ်ဆက်မပြတ်ဖြစ်ပွားနေခြင်း၊ စီးပွားရေးကျဆင်းခြင်း၊လူ့အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသအသီးသီးတွင်လူဆိုးသူခိုးဓားပြတို့များပြားလာခြင်းတို့သည် ပြည်သူလူထုအား လူမှု ဒုက္ခ အ၀၀နှင့် အခက်အခဲများ ကြီးစွာ ကြုံတွေ့စေခဲ့ကြောင်းလည်း RCSSကဆိုသည်။

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့်အဖွဲ့ဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းမရှိသလို စစ်ကောင်စီ ခေါင်းဆောင်၊ စစ်ကောင်စီ ဆွေးနွေးရေးအဖွဲ့များနှင့်ဆွေးနွေးမှုများ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

RCSS၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ကြရန် အချက်ကိုလည်း ဖော်ပြထားသည်။ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။

RCSS အနေဖြင့် အပစ်ရပ်စဲရန်ထုတ်ပြန်ထားသော်လည်း ၎င်းအဖွဲ့ကိုယ်တိုင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ရှမ်းတပ်အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ SSPPနှင့် RCSS တို့သည် ၂၀၂၃ နှစ်ကုန်ပိုင်းက နှစ်ဖက်အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ယခုနှစ်မတ်လမှ စ၍ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း(သျှမ်း)လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ယနေ့အချိန် အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရျောက်မှု ပေးနိုင်ခြင်းမရှိဟု ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

သတင်း

စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။