Connect with us

Hi, what are you looking for?

သတင်း

ဘိုက​လေးမြို့နယ်တွင် ​ရေကြီးပြီး မိကျောင်းတစ်​ကောင် လူ​နေရပ်ကွက်အနီး​ရောက်လာ

အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

လူ​နေ​ကျေးရွာအနီး​ရောက်လာ​သော မီ​ကျောင်းကို ​ဒေသခံပြည်သူများကကြည့်ရှုစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် မြစ်ချောင်းများရေလျံနေစဉ် မိကျောင်းတစ်ကောင်သည် လူနေရပ်ကွက်အနီး လယ်ကွင်းအတွင်းသို့ ရောက်လာခဲ့သည်။

အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

” မိန်းမလှကျွန်းဘက်ကနေ ကျော်လာတာနေ မယ်။ လူတွေက ဝိုင်းဖမ်းကြတယ်ဗျ။ ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြေနိမ့်ပိုင်းများ၌ ရေဘေးကြုံတွေ့နေသည်။

“လယ်ကွင်းထဲ မိကျောင်းပါတတ်တယ်လမ်းကြောင်းမှားပြီရောက်လာတာထင်တယ်ရေကလဲဒီဘက်အခြမ်းမှ ပုံမှန် တတ်သွားတာ”ဟု မီး​ကျောင်းလယ်ကွက်အတွင်း​ရောက်လာ​​သောရုပ်သံဖိုင်များတင်ထား​သောဆရာ​တော်တစ်ပါးက​ရေးသားထားသည်။

https://www.facebook.com/LuduNwayOo/videos/501364465775795

ယခုနယ်ကျော်လာသည့် မိကျောင်းသည် မြန်မာမျိုးရင်း ရေငံမီကျောင်းဖြစ်ပြီး ငမိုးရိပ်မိကျောင်းဟုလည်း လူသိများသည်ဟု သဘာဝတောရိုင်းတိရိစ္ဆာန်အရေးလေ့လာနေသူများကပြောသည်။

အလျား ၁၇ မိုင် အနံ ၆ မိုင် အထိ ကျယ်ဝန်းပြီ မြေဧက ၃၃၇၇၉ ဧက ကျယ်ဝန်းသည့်မိန်းမလှကျွန်းသည် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဖြစ်ပြီး ရေချို၊ရေငံစမ် မိကျောင်းများလည်း ကျက်စားသည်။

ဆက်စပ်သတင်းများ

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။