Connect with us

Hi, what are you looking for?

သတင်း

တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကာကွယ်ရန်၊ တရုတ် နိုင်ငံသားများ ကယ်ထုတ်ကူညီရန် MNDAA ထုတ်ပြန်

MNDAA၏ စစ်ရေးညွှန်ကြားရေးမှူးများသို့လိပ်မှုထုတ်ပြန်ထားသည့် အဆိုပါစာတွင် လွတ်မြောက်ရေးတိုက်ပွဲကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပျက်စီးစေခြင်းအား ရှောင်ရှားရန် ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရန် ကြေညာခဲ့သည်။

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေးမှ ရဲဘော်များ လားရှိုးမြို့အတွင်း ဝင်ရောက်လာစဥ်။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကြေညာချက်အား ကိုးကန့်တပ်ဖွဲ့ (MNDAA)စစ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၃၀ရက်)တွင် ထုတ်ပြန်ခဲ့ရာ တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရန် အလေးပေး ဖော်ပြသည်။

MNDAA၏ စစ်ရေးညွှန်ကြားရေးမှူးများသို့လိပ်မှုထုတ်ပြန်ထားသည့် အဆိုပါစာတွင် လွတ်မြောက်ရေးတိုက်ပွဲကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပျက်စီးစေခြင်းအား ရှောင်ရှားရန် ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ရန် ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ကောင်းမွန်စွာ ကာကွယ်ရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတက်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးရန် ဖော်ပြသည်။

ပြည်သူလူထုနှင့် နိုင်ငံခြားသားများ၏ အသက်အိုးအိမ်းစည်းစိမ်များကို အကာအကွယ် ပေးရန် MNDAAက ထုတ်ပြန်ခဲ့သည်။

မဟာမိတ်အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာ ပြောဆိုကာ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကိုထိခိုက်စေနိုင်သည့် လုပ်ဆောင်မှုများ ဟန့်တားရန် ဖော်ပြထားပြီး တရုတ်နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေနိုင်သော လုပ်ရပ် များကို တွေ့ရှိပါက MNDAAထံ အချိန်မီတင်ပြပြီး တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ရမည်ဟု ဆိုသည်။

စစ်မြေပြင်အတွင်း ပိတ်မိနေသည့်တရုတ်နိုင်ငံသားများကို အချိန်မီကယ်ထုတ်ရန်၊ ဒဏ်ရာရရှိသော တရုတ်နိုင်ငံသားများ ၊ အခက်အခဲနှင့်ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက်ခံရသော တရုတ်နိုင်ငံသားများကို တွေ့ရှိပါက အတက်နိုင်ဆုံး ကူညီကယ်တင်ရန်လည်းဖော်ပြထားသည်။

ရဲစခန်းနှင့် အကူအညီတောင်းရန်ဖုန်းနံပါတ်များကိုလည်း MNDAA၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

MNDAA အနေဖြင့်တရုတ် နိုင်ငံ၏ တောင်းဆိုချက်အရ ဇူလိုင် ၁၉ရက်မှ၃၀ရက်အထိ ထိုးစစ်ဆင်ခြင်း ရပ်စဲထားရန် ကြေညာချက်ထုတ်ပြန်ထားသော်လည်း ဇူလိုင် ၂၅ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း ကြေညာကာ ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook